Posts

Showing posts from August, 2024

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း

Image
  ဟင်းချက်ရာတွင်ပဲဖြစ်ဖြစ် မုန့်လုပ်ရာတွင်ပဲဖြစ်ဖြစ် အရေးကြီးဆုံးအချက်ကတော့ Ingredients တွေကိုအသေးစိတ်တိတိကျကျထည့်ပေးနိုင်ဖို့လိုအပ်ပါတယ်... Baker တို့အတွက် လက်တွေ့အသုံး၀င်မယ့် အလေးချိန်နှင့်ယူနစ်ညီမျှခြင်း တွက်ချက်ခြင်းများကို ဗဟုသုတအ‌နေနဲ့ ဖော်ပြပေးလိုက်ပါတယ် Crd: STK

မန္တလေးပဲကပ်ကြော် (၁)

  စားလို့ ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်း လေးပါနော်။ ပါဝင်ပစ္စည်းများ • ပဲကတ္တီပါ (Red Bean) - ဆန်ချိန်ခွက်၁ခွက် (ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or Red Kidney Bean Tin • ကောက်ညင်းမှုန့် - ဆန်ခွက် တစ်ဝက် • ဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း • ကြက်သွန်ဖြူ - ၂ မြွာ • ဆား - အချိုဇွန်း ၁ ဇွန်း • ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း • ပျဉ်းတော်သိမ် - အနည်းငယ် (ဓားနုတ်ပေါက်ပြီး) • ချင်း - စားပွဲဇွန်း ၃ ဇွန်း • ဆော်ဒါ - အချိုဇွန်းတစ်ဝက် ပြုလုပ်နည်း ၁။ ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပဲကို ခြေပါသည်။ ၂။ ဘူးပဲကိုသုံးမယ်ဆိုရင် ပြုတ်စရာမလိုဘဲ ရေစစ်ကာတန်းခြေနိုင်ပါတယ်။ ၃။ ဆား၊ ဆော်ဒါ၊ ချင်း၊ ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူ ထောင်းထားတာများ ရောမွှေကာ အနေတော်အပြားလေးများပြားကာ မီးအေးအေးနှင့် ကြော်ပါ။ ၄။ ကြော်နေရင်းနဲ့ကို ချင်းနံ့သင်းနေတဲ့ မန္တလေးပဲကြော်လေးရပါပြီ။ ကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့်သော်လည်းကောင်း၊ သူ့ချည်းသတ်သတ် သော်လည်းကောင်း စားနိုင်ပါတယ်။

အီကြာကွေးအချိုးအဆ

Image
  အိမ်မှာလုပ်စားဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲဖြစ်ဖြစ် အမိုးနီးယားအနံ့မကြိုက်တဲ့မိတ်ဆွေများ အီကြာကွေးအချိုး လိုအပ်တဲ့မိတ်ဆွေများအတွက် စေတနာဖြင့် တင်ပေးလိုက်ပါတယ်ခင်ဗျာ ဘေဘီအီကြာကွေး Meizan 1 viss ဂျုံ ၁ ပိသာ ကြံချို 7g နို့ဆီ 45g ကြက်ဥ ၂ လုံး ဆား 27g ယိစ် 8g ဘေကင်ပေါင်ဒါ 6g ပဲစိမ်းမှုန့် 50g မာဂျရင်း 25g ဆီ 100g ရေ 1120g ပြုလုပ်နည်း (ကိတ်မွှေစက် ဂေါက်မွှေတံကိုအသုံးပြုပါ)/ လက်နဲ့နယ်လည်းရပါတယ်) *ပထမဦးစွာ ရေ ကြံချို နို့ဆီ ဆား ကြက်ဥ ဆီ မာဂျရင်းတို့ကို speed 1 နဲ့ ခဏမွှေပေးပါ နောက်ထပ်ကျန်ရှိနေတဲ့ ဂျုံမှုန့် ယိစ် ပဲစိမ်းမှုန့် ဘေကင်ပေါင်ဒါတို့ကိုထည့်ပီး speed 1 နဲ့ ခဏ speed 2 နဲ့ 5မိနစ်ခန့်မွှေပေးပါ ပီးနောက် ခုံပေါ်မှာ ဂျုံဖြူးပေးထားပီး dough ကို ၅ မိနစ်ခန့် ခဏတင်ထားပါ ပီးနောက် အချောဖြစ်အောင် ၂ ပုံခွဲပုံပေးပါ လေလုံအောင်အုပ်ထားပေးပီး ၃၅-၄၀ မိနစ်ခန့်နှပ်ထားပေးပါ ပီးနောက် အလျားအပြားရှည်ရှည်လေးပြားပါ (ပြားတဲ့အခါ ဂျုံသားအောက်ကို ဂျုံများများဖ...

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

  ဘူးသီးကြော်မုန့်နှစ်စပ်နည်း ဆိုင်ကြော်အတိုင်းအချိန်ကြာကြာကြွပ်တဲ့နည်း" သူ့အချိုးလေးက 1.ဆန်စိမ်းမှုန့် -240 g 2.ကောက်ညှင်းမှုန့်-120 g 3.ပဲစိမ်းမှုန့် -1 tbsp မောက် မောက်(20 g) 4.Baking soda. -1/2 tbsp 5.Baking Pd. -1/4 tbsp အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထား။ *အကြော်ကြော်ရန်-အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။မုန့်နှစ်အပျစ်အကျဲကနို့ဆီလိုပျစ်တဲ့အနေဆိုရပါပြီ။ မုန့်နှစ်ကိုအနည်းဆုံးနာရီဝက်နှပ်ထားပြီးမှကြော်ခါနီး ဆား1/4tsp,ဆီ1 tbsp(ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်)ဂျင်းကြက်သွန်ဖြူထောင်းထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်၊အရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်) အားလုံးသမအောင်မွှေပါ။ ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ။ *ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလုံးလိုက်ရေဆေးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေခြောက်အောင်သုတ်ထားပါ။ *ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါ။(ပုံပါအတိုင်း)အဲ့လိုလူးထားခြင်းအားဖြင့်မုန့်နှစ်နဲ့အသီးက...

မတ်ပဲဘယာကြော် (၁)

Image
မတ်ပဲဘယာကြော် •••••••••••••••••••••••••••••• မတ်ပဲ_နို့ဆီဘူး (၁)ဘူးကို ရေဆေး,ရေတစ်ညစိမ်ပြီးရင် ‌မနက် ရေတွေပြန်သွန်, ဆား_လက်ဖက်ရည်ဇွန်း(၁)ဇွန်း ရေ_ထမင်းစားဇွန်း(၃)ဇွန်းထည့်ပြီး ပဲအစေ့ မကျန်ဘဲ ချောမွေ့လာသည်အထိ ကြိတ်စက်ဖြင့် ကြိတ်ပေးပါမယ်..။ ပြီးရင် ကြက်သွန်ဖြူ,နီ,ဂျင်းထောင်းတွေထည့် ငရုတ်သီးပါးပါးညှပ်ထည့်, ပျဉ်းတော်သိမ်ရွက် တစ်ခက် ပါးပါးညှပ်ထည့်, အရောင်တင်မှုန့်_လက်ဖက်ရည်ဇွန်း(၁)ဇွန်းထည့် အရသာမှုန့်နှင့် ဆီ _ ထမင်းစားဇွန်း(၁)ဇွန်းထည့်ပြီး (လက်ကို ရေ‌စင်စင်ဆေးပြီး) လက်ဖြင့် သမအောင်မွှေထားပါမယ်...။ ပြီးရင် ဒယ်ထဲဆီထည့်,ဆီပူလာရင် (လက်ကို ဆီ အရင်သုတ်ထားပါ) မုန့်သားလေးကိုယူ အဝိုင်းပုံဖော်ပြီးနောက် အလယ်ကို လက်ညှိူးလေးနဲ့ ပြန်ဖောက်, မုန့်လက်ကောက်လိုလေး ရလာရင် ဆီပူထဲ မီးအနေတော်ဖြင့် ကြော်ပါမယ်ရှင်..။ ရွှေအိုရောင် နှစ်ဖက်စလုံးသမ်းလာရင် ဆီစစ်ပြီး ဆယ်လို့ရပါပြီနော် တွဲစားဖို့အတွက် အချဉ်စပ်နည်းက မန်ကျည်းသီးအနှစ်ကို ထန်းလျက်ညိုနှင့်ကျိုပြီး ဇကာဖြင့် စစ်ယူထားပါ။ ထို စစ်ပြီးသားအချဉ်ထဲ ကြက်သွန်ဖြူနှင့် ဂျင်းထောင်းရယ်,လှော်ပြီးထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေရယ်,ငံပြာရည်အနည်းငယ်နှင့် သေချာမွှေပြီးရင် နောက်ဆုံ...

ဂျုံမှုန့်များ ကွဲပြားရခြင်း...

Image
  ဂျုံမှုန့်များကတူသလိုရှိသလိုလည်း Protein ပါဝင်မှုအနည်းအများပေါ်မူတည်ပြီးကွဲပြားကြတယ်နော် Bread Flour ပေါင်မုန့်ဂျုံမှာ Protein အများဆုံး (14%) အထိပါဝင်ပါတယ်။ဂျုံစေ့အမာထဲကထုတ်တဲ့အတွက် Gluten ပိုများပါတယ် Yeast(တစေး)ဖြင့်ပေါင်းစပ်ပြီးမုန့်ဖုတ်ရသည်။ ပေါင်မုန့်၊ ပီဇာ များမှာအသုံးပြုသည်။ ~~~~~~~~~~~~~~~~~ All-purpose Flour ဂျုံအမာ၊ ဂျုံအပျော့ နှစ်မျိုးစလုံးပေါင်းစပ်ထားပြီး ပရိုတင်းပါဝင်မှု (12%) အထိပါဝင်ပါသည်။ ပေါင်မုန့်၊ ပေါက်စီ၊ ကွတ်ကီး၊ ပန်ကိတ်၊ Waffle ၊ အီကြာကွေး စသဖြင့်မုန့်မျိုးစုံမှာအသုံးပြုနိုင်သည်။ ~~~~~~~~~~~~~~~~~ Cake Flour ဂျုံမှုန့်အားလုံးတွင်ကိတ်ဂျုံသည် ပရိုတင်း ပါဝင်မှုအနည်းဆုံး ဖြစ်သည်။ Protein ပါဝင်မှု (5%-8%)အထိပါဝင်သည်။ကိတ်မုန့်ပြုလုပ်ရာတွင် ကိတ်ဂျုံသုံးခြင်းအားဖြင့် နူးညံ့ပျော့ပျောင်းတဲ့ကိတ်တစ်လုံးရရှိမှာဖြစ်ပါတယ် ~~~~~~~~~~~~~~~~~ Pastry Flour Pastry ဂျုံ ကအလယ်အလတ်ဂျုံအမျိုးအစားဖြစ်သည်။ ပရိုတင်းပါဝင်မှု (8%-9%) အထိပါဝင်ပါသည်။ ဘီစကွတ်၊ ကွတ်ကီး၊ Puff Pastry, Pie crusts,Tart မုန့်များတွင်အသုံးပြုနိုင်သည်။ ~~~~~~~~~~~~~~~~~ Whole Meal Flour ပေါင်မုန့်ဂျုံထက် ဂျုံ...

Baking Soda နဲ့ Baking Powder အလုပ်လုပ်ပုံနဲ့ကွာခြားချက်

Image
  Baking Soda နဲ့ Baking Powder အလုပ်လုပ်ပုံနဲ့ကွာခြားချက်ကိုပြောပြပေးမယ်နော် >>နှစ်မျိုးစလုံးက မုန့်ဖုတ်ရာတွင် မုန့်သားပွစေရန်အသုံးပြုကြသော်လည်း အသုံးပြုပုံခြင်း ကွာခြားကြပါတယ်။ Baking Soda (sodium bicarbonate) Base ဖြစ်တဲ့အတွက်ကြောင့် မုန့်လုပ်ရာတွင် Acid ဓာတ်ပါဝင်တဲ့ပစ္စည်းများဖြစ်ကြတဲ့ (buttermilk, brown sugar, yogurt, lemon juice, vinegar, cream of tar tar, molasses, apple sauce, cocoa powder, honey) စသည်တို့နဲ့ပေါင်းစပ်လိုက်သောအခါ Reaction ဖြစ်စေပြီး လေပူဖောင်းလေးများထွက်ကာ မုန့်သားပို‌ကောင်းပြီးပွအောင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Baking Soda ဟာ Baking Powder ထက် (၃/၄) ဆပိုပြင်းပါတယ်။ ဒါပေမယ့် မုန့်ပိုပွချင်လို့ Baking Soda များများထည့်ရမယ်ထင်ရင်တော့ မဟုတ်ပါဘူး။ အရေးကြီးတာက လုံလောက်အောင် မုန့်ပွဖို့အတွက် baking soda (base) နဲ့ ဓာတ်ပြုဖို့ အခြား ingredients တွေ (acid) မျှခြေညီအောင်ထည့်ဖို့ပါပဲ။ Baking Soda ကို Cookies, Biscuits များတွင်အသုံးပြုနိုင်သည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Baking powder Baking powder ကျတော့ (Baking Soda + Cream of tar tar + Cornstarch ရောစ...

ဝက်စဥကြော်ပြုလုပ်နည်း

  ဝက်စဥကြော် လိုအပ်သောပစ္စည်းများ ၁။ အခေါက်များဖယ်ကာ လက်မအရွယ်ခန့် လှီးထားသည့် ဝက်သုံးထပ်သား – 200 g (၁၃ ကျပ်သား) ၂။ ကုလားပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း ၃။ ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း ၄။ ကောက်ညင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ ၅။ကြက်ဥ - ၁ လုံး ၆။ ဂျင်းမှုန့် (ginger powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ ၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် ၈။ ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ၉။ baking soda မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ ၁၀။ ရေ – ထမင်းစားဇွန်း ၄ ဇွန်း ပြုလုပ်နည်း ၁။ ဝက်သားမှလွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ကာ အဖတ်များအားလုံးကြေပြီး နှံ့သွားအောင် လက်ဖြင့် ဖိချေရောပေးပါ။ (မုန့်နှစ်က ပျစ်ပျစ်ကြီးဖြစ်ရပါမယ်။) ၂။ အဖတ်များအားလုံးကြေသွားလျှင် တတ်နိူင်သမျှ ရေခြောက်အောင် လုပ်ထားသော ဝက်သုံးထပ်သားများကို ထည့်ပြီး နှံ့သွားအောင် ရောမွှေပေးပါ။ (paper towel ဖြင့် ဖိတို့ပြီး အသားမှ ရေများခြောက်အောင် လုပ်ပေးနိူင်ပါတယ်။) ၃။ အပူချိန်မြင့်မြင့် ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူလေးကိုထည့်ပြီး စမ်းကြည့်ပါ။ တူ အိုးအောက်ခြေကို ထိ...

စားတော်ပဲပြုတ် ပြုတ်နည်း

Image
  ဒီနေ့တော့ စားတော်ပဲအညှောင့်ဖောက်နည်းနဲ့ ပဲပြုတ် ပြုတ်နည်းလေး တင်ပေးလိုက်ပီနော် စားတော်ပဲကတော့ city mart ဒါမှမဟုတ် စျေးတွေမှာလည်းဝယ်လို့ရပါတယ် ပဲအညှောင့်ဖောက်နည်း -ပဲကိုအညှောင့်မဖောက် ခင် တစ်ည ကြိုပြီးရေစိမ် ထားရပါမယ် -တစ်ညရေစိမ်ပြီးတာနဲ့ မနက်ကျ ရေသေချာပြန်စေး ရေစစ် ပြီး ရေစိုအဝတ် သန့်သန့် တစ်ခုထဲမှာထည့်ပြီး ၃ ရက် တိတိ ထားပြီးအညှောင့်ဖောက်ရပါမယ် -၃ရက်အတွင်းမှာ အဝတ်ရေမခြောက်သွားအောင် ရေစွတ်စွတ်ပေးရပါမယ် -၃ရက်ပြည့်ပြီး အညှောင်လေးတွေထွက်လာပြီဆိုရင်တော့ ပြုတ်လို့ရပါပြီနော် ပဲပြုတ်နည်း - -အညှောင့်ဖောက်ထားတဲ့ ပဲလေးတွေကို ထမင်းပေါင်းအိုးထဲထည့်ပါမယ် -ရေကို ပဲ နဲ့ ဆတူထည့်ပါမယ် -ထန်းညက်တစ်ခဲ , ဆော်ဒါ မြေပဲစေ့တစ်စေ့ပမာဏမရှိတရှိထည့်ပါမယ်(များရင်နံသွားမှာပါ) -အကုန်ထည့်ပြီးပြီဆိုတာနဲ့ ထမင်းချက်သလို ခလုတ်နှိပ်လိုက်ရင်ရပါပြီ -ရေခန်းသွားလို့ မနူးသေးဘူးဆိုရင်တော့ ရေနည်းနည်းထည့်ပြီး နူးတဲ့အထိပြုတ်ရင်ရပါဘီ ဒီပဲပြုတ်နည်းလေးကတော့ မြန်မြန်နဲ့ အလွယ်တကူ ပြုတ်လို့ရတဲ့ နည်းလေးပါ #PMK ပဲပြုတ်/စတော်ပဲပြုတ်နည်း လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်...

ပဲနံပြားလုပ်နည်း

  #ပဲနံပြားလုပ်နည်း Home Made Naan (Leavened Bread ❀ ❀ ❀ ❀ ❀ ❀ ‌ မြန်မာပြည်အနှံ့မှာတော့နံပြားလို့လူသိများတဲ့အိန္ဒိယပေါင်မုန့်ပြား(Oven Bake Flat Bread )ဖြစ်ပါတယ်။အိန္ဒိယအစားအစာဆိုင်တွေမှာလည်းပုံစံအမျိုးမျိုးပြုလုပ်ရောင်းချကြပါတယ်။နံပြားကိုတွဲဖက်ဆိတ်စွပ်ပြုတ်ပဲဟင်းနဲ့သုံးဆောင်ကြသလိုထောပတ်သုတ်သကြားဖြူးပြီးလည်းသုံးဆောင်လေ့ရှိပါတယ်။ဒီနံပြားလေးကတော့ပထမဆုံးအကြိမ်ကိုယ်တိုင်လုပ်တာဖြစ်ပြီးနံပြားဖိုနဲ့မဟုတ်ဘဲovenနဲ့ဖုတ်ထားတဲ့နံပြားဘဲဖြစ်ပါတယ်။စိတ်ဝင်စားသူများနှင့်အလွယ်ဝယ်ယူမရရှိနိုင်သောသူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်း ********* ဂျုံ - ၄၅၀ ဂရမ် ဆား - တစ်ဇွန်း လ္ဘက်ဇွန်း နွားနို့ - ၅၀ml သံပုရာရည် - တစ်ဇွန်း လ္ဘက်ဇွန်း ရေ - ၂၀၀ml သကြား - တစ်ဇွန်း စားပွဲဇွန်း Yeast - တစ်ဇွန်းခွဲ လ္ဘက်ဇွန်း ပြင်ဆင်ပြုလုပ်ပုံ ************ (၁)ဦးစွာပထမခွက်တခုဖြင့်နွားနို့့ထဲသို့သံပုရာရည်တဇွန်းထည့်ပြီးမွေထားပါ။နို့များပျစ်ခဲသွားပါမည်။(ဤအဆင့်တွင်ဒိန်ချဉ်အစားထိုးနိုင်ပါတယ်) (၂)အခြားခွက်တခုတွင်သကြားကိုရေထည့်ပြီးပျော်အောင်ဖျော်ပြီးyeastထည့်ကာမွေပေးပြီး၁၅မိနစ်ခန့်ထားပါ။ (၃)နှစ်မျိုးလုံးအသင့်ဖြစ်ပါကဇလ...

ကြက်ဥပူတင်းပြုလုပ်နည်း

  ကြက်ဥပူတင်း ပြုလုပ်နည်း ━━━━━━━━━━━ (၁ဘန်းစာအချိုးကိုပဲရေးထားပါ တယ်ပုံထဲကတော့ ၂ဘန်းလုပ်ထားလို့ပါ) ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်) သေးရင် ၁လုံးပိုထည့် နွားနို့ = ၁လီတာ သကြား= ၁၀ကျပ်သား ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း) ဆား= လက်ဖက်ရည်ဇွန်းတဝက် ဗနီလာနံ့= ၁စက် (မရှိရင် custard powder တဇွန်းလောက် ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင် ထည့်တာပါ ထောပတ် =၁ဇွန်း(ထမင်းစားဇွန်း) အရင်ဆုံး ကြက်ဥကို ကြေအောင် ခေါက်မွှေပါ သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ် လောက်ထပ်မွှေပါ ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ အဖတ်တွေမဖြစ်အောင်ပါ ဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့ နှံ့အောင်သုတ်ထားပါ အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင်ကျိုပါ အဆက်မပြတ်မွေနေရပါမယ် ဗနီလာ တစက်လောက်ထည့်ပါ မိနစ် ၂၀လောက် ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း ၉+၁၁လက်မ ထဲထည့် အပူချိန် ၁၆၀ံ စင်တီဂရိတ် မိနစ်၃၀ဖုတ်ပါ နီရောင်သမ်းလာရင် အအေးခံပါ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီ လောက်ထည့်ပါ မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ် (တခြားနည်းတွေလဲ ရှိပါတယ် ဒါလေးကတော့ ဆွမ်းကပ်တာပဲဖြစ်ဖြစ် အလှူပဲဖြစ်ဖြစ် ကျမတို့ မိုးကုတ်မြို့မှာ အချိုပွဲအနေနဲ့ ထည့်ကြတာမို့ အဲ့ဒီ နည်းလ...