အီကြာကွေးအချိုးအဆ

 အိမ်မှာလုပ်စားဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲဖြစ်ဖြစ် အမိုးနီးယားအနံ့မကြိုက်တဲ့မိတ်ဆွေများ အီကြာကွေးအချိုး လိုအပ်တဲ့မိတ်ဆွေများအတွက် စေတနာဖြင့် တင်ပေးလိုက်ပါတယ်ခင်ဗျာ

ဘေဘီအီကြာကွေး
✅Meizan 1 viss ဂျုံ ၁ ပိသာ
✅ကြံချို 7g
✅နို့ဆီ 45g
✅ကြက်ဥ ၂ လုံး
✅ဆား 27g
✅ယိစ် 8g
✅ဘေကင်ပေါင်ဒါ 6g
✅ပဲစိမ်းမှုန့် 50g
✅မာဂျရင်း 25g
✅ဆီ 100g
✅ရေ 1120g
ပြုလုပ်နည်း (ကိတ်မွှေစက် ဂေါက်မွှေတံကိုအသုံးပြုပါ)/ လက်နဲ့နယ်လည်းရပါတယ်)
*ပထမဦးစွာ ရေ ကြံချို နို့ဆီ ဆား ကြက်ဥ ဆီ မာဂျရင်းတို့ကို speed 1 နဲ့ ခဏမွှေပေးပါ နောက်ထပ်ကျန်ရှိနေတဲ့ ဂျုံမှုန့် ယိစ် ပဲစိမ်းမှုန့် ဘေကင်ပေါင်ဒါတို့ကိုထည့်ပီး speed 1 နဲ့ ခဏ speed 2 နဲ့ 5မိနစ်ခန့်မွှေပေးပါ ပီးနောက် ခုံပေါ်မှာ ဂျုံဖြူးပေးထားပီး dough ကို ၅ မိနစ်ခန့် ခဏတင်ထားပါ ပီးနောက် အချောဖြစ်အောင် ၂ ပုံခွဲပုံပေးပါ လေလုံအောင်အုပ်ထားပေးပီး ၃၅-၄၀ မိနစ်ခန့်နှပ်ထားပေးပါ ပီးနောက် အလျားအပြားရှည်ရှည်လေးပြားပါ (ပြားတဲ့အခါ ဂျုံသားအောက်ကို ဂျုံများများဖြူးပေးပါ ထိုမှသာ လက်နဲ့ယူတဲ့အခါ မကပ်မှာပါ) အရမ်းမပါးစေရပါ အကျယ်ပေတံတစ်ပြားစာခန့် အရှည်ကို ၇ လက်မခန့် (တစ်ချောင်းကို 60gခန့်) ဖြတ်ပီး အလယ်ကထပ်ပိုင်းပီး ပထမတစ်ခုကိုရေအနည်းငယ်သုပ်ပေးပီး နှစ်ခုထပ်ပါ အလယ်ကနေ တူလေးနဲ့ဖြစ်ဖြစ်ဖိပေး လက်နဲ့အနည်းငယ်ဆွဲပီး ဆီပူပူနဲ့ကြော်ပေးပါ
*မှတ်ချက် မိမိလိုချင်တဲ့ဆိုဒ်အဆင်ပြေသလိုပြုလုပ်လို့ရပါတယ် ဘေဘီအီကြာဆို ဂျုံ ၁ ပိသာ 70-72 ခုခန့်ထုတ်လို့ရပါတယ်
အဆင်ပြေကြပါစေ မိတ်ဆွေများ 🎁
Kyaw Mg Mg Baker

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

မတ်ပဲဘယာကြော် (၁)