ပဲနံပြားလုပ်နည်း

 #ပဲနံပြားလုပ်နည်း

Home Made Naan (Leavened Bread
❀ ❀ ❀ ❀ ❀ ❀


မြန်မာပြည်အနှံ့မှာတော့နံပြားလို့လူသိများတဲ့အိန္ဒိယပေါင်မုန့်ပြား(Oven Bake Flat Bread )ဖြစ်ပါတယ်။အိန္ဒိယအစားအစာဆိုင်တွေမှာလည်းပုံစံအမျိုးမျိုးပြုလုပ်ရောင်းချကြပါတယ်။နံပြားကိုတွဲဖက်ဆိတ်စွပ်ပြုတ်ပဲဟင်းနဲ့သုံးဆောင်ကြသလိုထောပတ်သုတ်သကြားဖြူးပြီးလည်းသုံးဆောင်လေ့ရှိပါတယ်။ဒီနံပြားလေးကတော့ပထမဆုံးအကြိမ်ကိုယ်တိုင်လုပ်တာဖြစ်ပြီးနံပြားဖိုနဲ့မဟုတ်ဘဲovenနဲ့ဖုတ်ထားတဲ့နံပြားဘဲဖြစ်ပါတယ်။စိတ်ဝင်စားသူများနှင့်အလွယ်ဝယ်ယူမရရှိနိုင်သောသူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဂျုံ - ၄၅၀ ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
နွားနို့ - ၅၀ml
သံပုရာရည် - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ - ၂၀၀ml
သကြား - တစ်ဇွန်း စားပွဲဇွန်း
Yeast - တစ်ဇွန်းခွဲ လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပထမခွက်တခုဖြင့်နွားနို့့ထဲသို့သံပုရာရည်တဇွန်းထည့်ပြီးမွေထားပါ။နို့များပျစ်ခဲသွားပါမည်။(ဤအဆင့်တွင်ဒိန်ချဉ်အစားထိုးနိုင်ပါတယ်)
(၂)အခြားခွက်တခုတွင်သကြားကိုရေထည့်ပြီးပျော်အောင်ဖျော်ပြီးyeastထည့်ကာမွေပေးပြီး၁၅မိနစ်ခန့်ထားပါ။
(၃)နှစ်မျိုးလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးနို့အချဉ်ဖောက်ထားသည်နှင့်သကြားyeastဖျော်ထားသည်ကိုထည့်ပြီးအားလုံသမအောင်မွေပေးပြီးဂျုံလုံးချောလာသည်ထိနယ်ပေးပါ။
(၄)ပြီးလျှင်ဇလုံထဲတွင်အဝတ်ရေစိုအုပ်ပြီးတစ်နာရီခန့်အပွခံထားပါ။ဂျုံလုံးနှစ်ဆပွလာသည်ထိထားပါ။
(၅)ပွလာသောဂျုံကိုပြန်နယ်ပေးပြီးဆယ်လုံအညီလုံးကာလေလုံအောင်ပလပ်စတစ်ဖြင့်ဖုံးအုပ်ထားပြီးနာရီဝက်ခန့်အပွပြန်ခံထားပါ။
(၆)ဂျုံလုံးများပြန်ပွလာလျှင်ဆွဲဖြန့်၍ရသောအနေအထားရပါကလိုအပ်သလိုအထူအပါးဖြန့်ပေးပြီးovenတွင်အပူချိန်၂၂၀ဒီဂရီတွင်တဖက်တမိနစ်ခွဲခန့်ကင်ပေးပါ။အရောင်အနည်းငယ်ရပါကထုတ်ယူပြီးလေလုံအောင်ဖုံးအုပ်ထားပြီးပဲနှင့်တွဲဖက်၍ဖြစ်စေဆိတ်စွတ်ဖြင့်တွဲဖက်၍ဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
နံပြားနှင့်တွဲရန်ပဲဟင်းပြင်ဆင်ပုံ
**********************
စားတော်ပဲပြုတ်ကိုရေမြုတ်ရုံထည့်ပြီးဆူပွက်အောင်တည်ပါ။ဆားဟင်းခပ်မှုန်ထည့်ပြီးအနည်းငယ်ကျေအောင်မွေပေးပါ။ဆူပွက်ပါကမီးဖိုမှချကာကြက်သွန်နီဆီသပ်ပြီးအပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
................

Crd.ဆိုဖီယာ

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

မတ်ပဲဘယာကြော် (၁)