မတ်ပဲဘယာကြော် (၁)
မတ်ပဲဘယာကြော်



••••••••••••••••••••••••••••••
မတ်ပဲ_နို့ဆီဘူး (၁)ဘူးကို
ရေဆေး,ရေတစ်ညစိမ်ပြီးရင်
မနက် ရေတွေပြန်သွန်,
ဆား_လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ရေ_ထမင်းစားဇွန်း(၃)ဇွန်းထည့်ပြီး
ပဲအစေ့ မကျန်ဘဲ ချောမွေ့လာသည်အထိ
ကြိတ်စက်ဖြင့် ကြိတ်ပေးပါမယ်..။
ပြီးရင် ကြက်သွန်ဖြူ,နီ,ဂျင်းထောင်းတွေထည့်
ငရုတ်သီးပါးပါးညှပ်ထည့်,
ပျဉ်းတော်သိမ်ရွက် တစ်ခက် ပါးပါးညှပ်ထည့်,
အရောင်တင်မှုန့်_လက်ဖက်ရည်ဇွန်း(၁)ဇွန်းထည့်
အရသာမှုန့်နှင့် ဆီ _ ထမင်းစားဇွန်း(၁)ဇွန်းထည့်ပြီး
(လက်ကို ရေစင်စင်ဆေးပြီး)
လက်ဖြင့် သမအောင်မွှေထားပါမယ်...။
ပြီးရင် ဒယ်ထဲဆီထည့်,ဆီပူလာရင်
(လက်ကို ဆီ အရင်သုတ်ထားပါ)
မုန့်သားလေးကိုယူ အဝိုင်းပုံဖော်ပြီးနောက်
အလယ်ကို လက်ညှိူးလေးနဲ့ ပြန်ဖောက်,
မုန့်လက်ကောက်လိုလေး ရလာရင်
ဆီပူထဲ မီးအနေတော်ဖြင့် ကြော်ပါမယ်ရှင်..။
ရွှေအိုရောင် နှစ်ဖက်စလုံးသမ်းလာရင် ဆီစစ်ပြီး ဆယ်လို့ရပါပြီနော်





တွဲစားဖို့အတွက် အချဉ်စပ်နည်းက
မန်ကျည်းသီးအနှစ်ကို ထန်းလျက်ညိုနှင့်ကျိုပြီး
ဇကာဖြင့် စစ်ယူထားပါ။
ထို စစ်ပြီးသားအချဉ်ထဲ ကြက်သွန်ဖြူနှင့်
ဂျင်းထောင်းရယ်,လှော်ပြီးထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေရယ်,ငံပြာရည်အနည်းငယ်နှင့်
သေချာမွှေပြီးရင် နောက်ဆုံးမှာ
နံနံပင်လေး အုပ် , ဒါဆိုရင်
ဘယ်အကြော်နဲ့ပဲတွဲစားစား လိုက်ဖက်ညီတဲ့မန်ကျည်းချဉ်လေးရပါပြီရှင်



အဆင်ပြေကြပါစေနော်

Comments
Post a Comment