စားတော်ပဲပြုတ် ပြုတ်နည်း
ဒီနေ့တော့ စားတော်ပဲအညှောင့်ဖောက်နည်းနဲ့ ပဲပြုတ် ပြုတ်နည်းလေး တင်ပေးလိုက်ပီနော်

စားတော်ပဲကတော့ city mart ဒါမှမဟုတ် စျေးတွေမှာလည်းဝယ်လို့ရပါတယ်
ပဲအညှောင့်ဖောက်နည်း
-ပဲကိုအညှောင့်မဖောက် ခင် တစ်ည ကြိုပြီးရေစိမ် ထားရပါမယ်
-တစ်ညရေစိမ်ပြီးတာနဲ့ မနက်ကျ ရေသေချာပြန်စေး ရေစစ် ပြီး ရေစိုအဝတ် သန့်သန့် တစ်ခုထဲမှာထည့်ပြီး ၃ ရက် တိတိ ထားပြီးအညှောင့်ဖောက်ရပါမယ်
-၃ရက်အတွင်းမှာ အဝတ်ရေမခြောက်သွားအောင် ရေစွတ်စွတ်ပေးရပါမယ်
-၃ရက်ပြည့်ပြီး အညှောင်လေးတွေထွက်လာပြီဆိုရင်တော့ ပြုတ်လို့ရပါပြီနော်
ပဲပြုတ်နည်း
-
-အညှောင့်ဖောက်ထားတဲ့ ပဲလေးတွေကို ထမင်းပေါင်းအိုးထဲထည့်ပါမယ်
-ရေကို ပဲ နဲ့ ဆတူထည့်ပါမယ်
-ထန်းညက်တစ်ခဲ , ဆော်ဒါ မြေပဲစေ့တစ်စေ့ပမာဏမရှိတရှိထည့်ပါမယ်(များရင်နံသွားမှာပါ)
-အကုန်ထည့်ပြီးပြီဆိုတာနဲ့ ထမင်းချက်သလို ခလုတ်နှိပ်လိုက်ရင်ရပါပြီ
-ရေခန်းသွားလို့ မနူးသေးဘူးဆိုရင်တော့ ရေနည်းနည်းထည့်ပြီး နူးတဲ့အထိပြုတ်ရင်ရပါဘီ
ဒီပဲပြုတ်နည်းလေးကတော့ မြန်မြန်နဲ့ အလွယ်တကူ ပြုတ်လို့ရတဲ့ နည်းလေးပါ






ပဲပြုတ်/စတော်ပဲပြုတ်နည်း
လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။
အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။
၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။
မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။
နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။
ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။
အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။
အဆင်ပြေကြပါစေနော်။
လေးစားလျှက်..crd. ပန်းခရေ
Comments
Post a Comment