Baking Soda နဲ့ Baking Powder အလုပ်လုပ်ပုံနဲ့ကွာခြားချက်
Baking Soda နဲ့ Baking Powder အလုပ်လုပ်ပုံနဲ့ကွာခြားချက်ကိုပြောပြပေးမယ်နော်

>>နှစ်မျိုးစလုံးက မုန့်ဖုတ်ရာတွင် မုန့်သားပွစေရန်အသုံးပြုကြသော်လည်း အသုံးပြုပုံခြင်း ကွာခြားကြပါတယ်။

Base ဖြစ်တဲ့အတွက်ကြောင့် မုန့်လုပ်ရာတွင် Acid ဓာတ်ပါဝင်တဲ့ပစ္စည်းများဖြစ်ကြတဲ့ (buttermilk, brown sugar, yogurt, lemon juice, vinegar, cream of tar tar, molasses, apple sauce, cocoa powder, honey) စသည်တို့နဲ့ပေါင်းစပ်လိုက်သောအခါ Reaction ဖြစ်စေပြီး လေပူဖောင်းလေးများထွက်ကာ မုန့်သားပိုကောင်းပြီးပွအောင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
Baking Soda ဟာ Baking Powder ထက် (၃/၄) ဆပိုပြင်းပါတယ်။ ဒါပေမယ့် မုန့်ပိုပွချင်လို့ Baking Soda များများထည့်ရမယ်ထင်ရင်တော့ မဟုတ်ပါဘူး။ အရေးကြီးတာက လုံလောက်အောင် မုန့်ပွဖို့အတွက် baking soda (base) နဲ့ ဓာတ်ပြုဖို့ အခြား ingredients တွေ (acid) မျှခြေညီအောင်ထည့်ဖို့ပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Baking powder ကျတော့ (Baking Soda + Cream of tar tar + Cornstarch ရောစပ်ထားတဲ့အမှူန့်ဖြစ်ပါတယ်။
ဘူးမှာ Double acting ရေးထားတဲ့ Baking Powder ရဲ့လုပ်ဆောင်ပုံကိုရှင်းပြချင်ပါတယ်။
Double acting ဆိုတဲ့အတိုင်း သူက နှစ်ကြိမ်ပွစေတာပါ။ ပထမ အကြိမ်ကတော့ မုန့်နှစ်ထဲအကုန်ထဲ့မွှေတဲ့အချိန် မုန့်နှစ်စိုစိုမှာ ပွစေတာပါ။ ဒုတိယအကြိမ်ကတော့ အပူထိတဲ့အကြိမ်မှာ ထပ်ပွစေတာပါ။ (အဲ့တာကြောင့် တချို့မုန့်နှစ်တွေက မုန့်မဖုတ်ခင်အကြာကြီးကြိုလုပ်ထားလို့မရတာပါ။ Baking powder ကိုမုန့်နှစ်စိုစိုမှာ ပထမအကြိမ် ဓာတ်ပြုပြီးသွားပြီမို့ပါ)
Baking powder အမှူန့်ဟာ Baking soda (base) နဲ့ other ingredients (acid) နှစ်မျိုးပါပြီးသားမို့ နောက်ထပ် acid type ingredient မျိုးထပ်မလိုတဲ့ Recipe မျိုးမှာသုံးကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

အဓိကကတော့ မျှချေအတွက်ပါ။ Recipe ထဲမှာပါတဲ့ Baking Soda (base) နဲ့ other ingredients (acid) ဓာတ်ပြု ပြီးထွက်လာတဲ့ လေပူဖောင်းလေးများဟာ မုန့်သားပွဖို့မလုံလောက်လို့ Baking Powder (base+acid) ကိုထပ်အားဖြည့်ဖို့အတွက်သုံးခြင်းဖြစ်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~
**Baking ဝါသနာပါသူများအတွက် ဗဟုသုတများ မျှဝေပေးနေတဲ့ STK page လေးကြိုက်တယ်ဆိုရင် 


Comments
Post a Comment