ဘယာကြော်နည်းများ
ဘယာကြော်နည်း ၁
ကုလားပဲတွေကိုတစ်ညရေစိမ်ထားတယ်
ကြော်ဖို့ထောင်းခါနီးမှရေစစ်တယ်ဆုံထဲထည့်ထောင်းလည်းရ
စက်နဲ့ကြိတ်လည်းရတယ်
အစေ့လေးတွေကျန်အောင်ထောင်းတယ်
စက်နဲ့ကြိတ်လည်းရတယ်
အစေ့လေးတွေကျန်အောင်ထောင်းတယ်
ပြီးရင်
ဆော်ဒါမှုန့်အနည်းငယ်
ဆား မဆလာ
ကြက်သွန်နီနုတ်နုတ်စင်း
ငရုတ်သီးစိမ်းပါးပါးလှီး
ငရုတ်သီးအခြောက်တောင့်ပါးပါးလှီး
ပျဉ်းတော်သိမ်ရွက်ပါးပါးလှီးတို့နဲ့နယ်မယ်
ဆော်ဒါမှုန့်အနည်းငယ်
ဆား မဆလာ
ကြက်သွန်နီနုတ်နုတ်စင်း
ငရုတ်သီးစိမ်းပါးပါးလှီး
ငရုတ်သီးအခြောက်တောင့်ပါးပါးလှီး
ပျဉ်းတော်သိမ်ရွက်ပါးပါးလှီးတို့နဲ့နယ်မယ်
နယ်ပြီးဆယ်မိနစ်လောက်နှပ်ထားတယ်
ပြီးမှအလုံးလေးတွေလုံးကြော်တယ်
ဆီပူပူမှာကြော်ပါ
ဆီပူပူမှာကြော်ပါ
ဘယာကြော်နည်း ၂
ဘေးဘယာတွေ ဝေးကွာစေ...
Yellow Split Peas လေးတွေကို ရေတစ်ညစိမ်၊ mixer နဲ့ကြိတ်၊ ကြက်သွန်နီ၊မဆလာ၊ငရုတ်သီးစိမ်း၊
baking soda၊ ဟင်းခတ်မှုန့်၊ဆား၊နနွင်း၊ကြက်ဥ ထည့်ပြီး ရောနယ်နှပ်ထား(တခြား spice အရွက်
တွေတော့ မရှိလို့ မထည့်)ပြီး အဆုပ်လုံးလေးတွေလုပ်ပြီး ကြော်ထားပါတယ်။
ဘယာကြော်နည်း ၃
ပါဝင်ပစ္စည်းများ
ဒီပမာဏကတော့ အချိုးကျ လုပ်စားလို့ရတဲ့ ပမာဏကိုဖော်ပြထတာပါ အများကြီး လုပ်စားမယ်ဆိုရင် အဆ အတိုင်း တိုးလို့ရပါတယ်နော်
ပဲခြမ်းကို တညစိမ်ထားရပါမယ်
ပါဝင်ပစ္စည်းအားလုံးကို ရောပြီးထောင်းရပါမယ် ကြေညက်အောင် ထောင်းစရာမလိုပါ
ပြီးရင် အဆင်ပြေတဲ့ အရွယ် လုံးထားပေးရပါမယ် အားလုံးပြသွားလို့ရှိရင်
မီးအေးအေးလေးနဲ့ဆီပူပူထဲ ပျဥ်းတော်သိမ်ရွက်ကို ကြော်ပြီ ဆယ်ထားပါ အဲနောက် လုံးထားသော ဘယာကြော်အလုံးလေးကို ဒယ်အိုးထဲထည့်ပြီး ကြော်လို့ရပါပြီနော်
ရွှေဝါရောင်တန်းလာပြီး အနည်းငယ်နီနီလေး ဖြစ်လာရင် ဆယ်ယူလို့ရပါပြီနော်
ကြိုက်နှစ်သက်ရာ အချဉ်ရည်နဲ့ တွဲစားလို့ရတဲ့ ဘယာကြော် ကြွပ်ကြွပ်ရွရွလေး ရပါပြီနော်
ဘယာကြော်နည်း (၄)
ဘယာကြော်မွမွရွရွကြော်နည်း
ပဲခြမ်း.....ဗူးဝက်
ပျဥ်းတော်သိမ်ရွက်... အနည်းငယ်
အကြော်မှုန့်... ၂ဇွန်း
ဂျင်း ...အနည်းငယ်
ကြက်သွန်နီ ... ၂လုံး
ကြက်သွန်ဖြူ ...၁ဥ
မဆလာ ...အနည်းငယ်
ကြက်ဥ.... ၁လုံး
ဆား..... အနည်းငယ်
အချိုမှုန့် ....အနည်းငယ်
ပဲခြမ်းကို တညစိမ်ထားမယ်
ပါဝင်ပစ္စည်းအားလုံးကို ရောကြိတ် မယ် ညက်စရာမလိုဘူးနော်
ပြီးရင် အနေတော်လေး လုံးထားပါ
ဆီပူပူထဲ ပျဥ်းတော်သိမ်ရွင်ကြော်ပြီ ဆယ်ထားပါ
လုံးထားတာလေးကြော်မယ်
ပုံထဲကလို အဝါရောင်သန်းလာရင် ရပြီနော်
ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေရော
Comments
Post a Comment