မုန့်လင်မယား လုပ်နည်း
အိမ်မှာကိုယ်တိုင်လုပ်စားလို့ရမယ့်
မုန့်လင်မယား လုပ်နည်းလေး တင်ပေးလိုက်ပါတယ်ရှင်..ဆီများများသုံးရတဲ့ မုန့် ဖြစ်နေလို့ အပြင်မှာ ဝယ်မစားဘဲ ကိုယ်တိုင်လုပ်စားတာ အကောင်းဆုံးပါနော်...
လုပ်နည်းလေးကလဲ ရယ်ဒီမိတ် အမှုန့်ထုပ်လေးတွေနဲ့တင် အဆင်ပြေလို့မို့ မပင်ပန်းဘဲ အချိန်တိုအတွင်း အလွယ်တကူ လုပ်စားလို့ ရပါတယ်ရှင်
မုန့်လင်မယား လုပ်နည်း..
မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
ဆား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနည်းငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး
မုန့်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲပိစပ်ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင်..
မုန့်ရည် ပိုရင်..မန်ကျည်းချဉ် ပိုရင်..နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါနော်..
သတင်းကောင်းလေးတစ်ခုကတော့ အဲ့ မုန့်ရည်ကျဲကိုဘဲ
ရေမုန့်သေးသေးလေး လုပ်စမ်းကြည့်တာ အဆင်ပြေလို့မို့
ရေမုန့်လေးတွေ တစ်ရက် လုပ်ပြပါအုံးမယ်နော်..
ကျေးဇူးအများကြီး တင်ပါတယ်ရှင်..
Credit - သီသီ
Comments
Post a Comment