စမူဆာကြော်နည်း (၁)

 

♦ အိန္ဒိယစတိုင်လ် #စမူဆာကြော်


နေ့လယ်စာ အဆာပြေ ကြော်စားနိုင်မယ့်
စမူဆာကြော်လေးပါ။ အိန္ဒိယစတိုင်လ်
အာလူး၊ ကြက်သွန်နီကို အစာသွတ်ထားပြီး
အရသာ ခပ်စပ်ရှိမ်းရှိမ်းလေးနဲ့
စားလို့ အရမ်းကောင်းပါတယ်။
စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့
ကြော်စားရ လွယ်ကူမှာပါ . . . ။

ပါ၀င်ပစ္စည်းများ
***********
• ကော်ပြန့်ရွက် - ၈ရွက်
• ကြက်သွန်နီ - ၂ခွက်စာ (ပါးပါးလှီးပါ)
• အာလူး - ၅လုံး
(နူးအောင်ပြုတ်ပြီး အတုံးသေးများ တုံးထားပါ)
*မှတ်ချက် ။ ။ ကြက်သွန်နီနှင့်အာလူး အချိုးအစား တူညီသည်။
• ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ဇွန်းခွဲ
• ဇီရာမှုန့် - စားပွဲဇွန်း ၁ဇွန်းခွဲ
• နံနံပင် - လက်တစ်ဆုပ်စာ (ပါးပါးလှီးပါ)
• မဆလာ - စားပွဲဇွန်း ၁ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း
********
၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွတ်ရန် ပါ၀င်
ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်
သီးမှုန့်၊ ဇီရာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို
ရောနယ်ထားလိုက်ပါ။

၂။ ကော်ပြန့်ရွက် တစ်ရွက်ကို ထက်ပိုင်းပိုင်းလိုက်ပါ။

၃။ ပြီးနောက် ထက်ပိုင်းပိုင်းထားသော
ကော်ပြန့်ရွက် အောက်နားကို ရေစွတ်ပေးပါ။

၄။ ပြီးမှ ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီး ပုံတွင်ပါ
သည့်အတိုင်း တြိဂံပုံကတော့ဖြစ်အောင် ခေါက်
ပေးသွားပါ။

၅။ ပြီးလျှင် ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာ
သွတ်ရန် နယ်ထားသော အာလူး၊ ကြက်သွန်နီများ
ကို အစာသွတ်ပေးပါ။

၆။ ပြီးနောက် ကတော့အပေါ်နားကို ရေဆွတ်ပြီး တြိဂံ
ပုံဖြစ်အောင် ပိတ်လိုက်ပါ။

၇။ ပြီးမှ ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာလျှင်
စမူဆာများကို အညိုရောင်သမ်းသည်အထိ ထည့်
ကြော်ပေးပါ။
ထို့နောက် စမူဆာကြော် များကိုဆန်ခါဖြင့်ပြန်ဆယ်
ပြီး အရသာရှိစွာသုံးဆောင် လို့ရပါပြီ။

** မှတ်ချက် ။ ။ ပိုမို ကြွပ်ရွ စေချင်လျှင်
ကြော်ထားသော စမူဆာများကို
၅မိနစ် အအေးခံပြီးမှ နောက်တစ်ခါ ဆီဖြင့်ထပ်ကြော်ပေးပါ။

Crd.ဝတ်ရည်

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း