ဖက်ထုပ်အရွက်ပြုလုပ်နည်း

 ဖက်ထုပ်အ၇ွက် ဘယ်လိုလုပ်လဲ မေးထားတဲ့သူတွေအတွက်

ဖက်ထုပ်အ၇ွက်ကို အလွန်တကူ၀ယ်လို့မရတဲ့သူတွေ အတွက်ကော အိမ်မှာကိုယ်တိုင်လုပ်ချင်တဲ့သူတွေအတွက်ပါ။ လုပ်နည်းကတော့လွယ်ကူပါတယ်။ ခေါက်ဆွဲဆိုရင်လဲ လတ်လတ်ဆတ်ဆတ်နဲ့နူးညံ့လေးစားလို့ရပါတယ်။ ဒလှိမ့်တုံး လှိမ့်၇တာလဲ လုပ်နေကျသွားရင်တော့ မြန်သွားပါလိမ့်မယ်။ လုပ်ကြည့်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ဂျုံမှုန့် (all-purpose flour) - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း
၂။ ကွကျဥ - ၁ လုံး
၃။ ရေ - ထမင်းစားဇွန်း ၆ ဇွန်း ခွဲ
၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ ၃ ပုံ
၅။ ပြောင်းဖူးမှုန့် (မကပ်အောင်လုပ်ရန် အတွက်၊ ဂျုံမှုန့်ကိုသုံးလို့ရပေမယ့် ဂျုံမှုန့်နဲ့ဆိုရင် ခေါက်ဆွဲတွေက မာဂေါက်ကြီးဖြစ်သွားတတ်လို့ပါ။ ပြောင်းဖူးမှုန့်လုံး၀မရှိရင်တော့ ဂျုံမှုန့်ကိုသုံးနိုင်ပါတယ်။)

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဂျုံမှုန့်ကို ဇလုံတခုထဲထည့်ထားပါ။
၂။ ကြက်ဥ၊ ရေနှင့် ဆားကို အခြားခွက် တခုထဲထည့်ရ်ျ ဆားများအ၇ည်ပျော်သည်အထိ ခလောက်ပါ။
၃။ ဂျုံမှုန့်၇ဲ့ အလယ်မှာ ေ၇တွင်းလိုမျိုးအပေါက်ဖြစ်အောင်လုပ်ပြီး ဖျော်ထားသောကြက်ဥအ၇ည်များကိုထည့်ပါ။ ပြီးလျှင် ဇွန်းဖြင့် သမအောင်လုပ်ပါ။ (လက်ဖြင့်နယ်လဲ၇ပါတယ်။)
၄။ အလုံးဖြစ်လာသည်အထိ သမအောင်နယ်ပြီး အလုံးဖြစ်လာလျှင် ချောမွေ့လာသည်အထိ လက်ဖနောင့် ဖြင့် နယ်ပါ။ လက်ဖနောင့်ဖြင့် အနည်းဆုံး ၅မိနစ်ခန့်ဖိရ်ျ နယ်ပေးပါ။ (ကြက်ဥ အကြီးအသေးပေါ်မူတည်ရ်ျ ရေနှင့်ဂျုံမှုန့်အနည်းငယ်ကွာတတ်ပါတယ်။ အ၇မ်းကပ်နေလျှင် ဂျုံမှုန့်ထမင်းစားဇွန်း ၁ ဇွန်းခန့်စီထည့်ရ်ျ ချောမွေ့လာသည်အထိနယ်ပါ။ အ၇မ်းခြောက်နေလျှင် ေ၇ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီထည့်ရ်ျ နယ်ပါ။)
၅။ ၅ မိနစ်လောက်နယ်ပြီးသော အလုံးကို ဇလုံတခုထဲထည့်ပြီး ရေစွတ်ထားသော အ၀တ်ဖြင့် အုပ်ရ်ျ ၁ နာ၇ီခန့်အနည်းဆုံးထားပါ။
၆။ ၁ နာ၇ီခန့်နှပ်ထားသော အလုံးကို ယူရ်ျ လေးပိုင်းပိုင်းပါ။ ၃ ပိုင်းကို ဇလုံထဲထည့်ရ်ျ အ၀တ်ဖြင့် ပြန်အုပ်ထားပါ။ (ဂျုံလုံးများခြောက်သွားမှာစိုးလို့ပါ။)
၇။ လေးပိုင်းထဲက တပိုင်းကို ယူရ်ျ ဂျုံကို စဉ့်နီတုံး အပြား (cutting board) ပေါ်တွင် တင်ရ်ျ ဒလှိမ့်တုံး(rolling pin) ဖြင့် လေးတောင့် ပြားပြီး ပါးပါးလေးဖြစ်အောင် လုပ်ပါ။ (မကပ်အောင်အတွက် ပြောင်းဖူးမှုန့်များကိုဖြူးပြီးလုပ်ပါ။ ဒလှိမ့်တုံးကိုလဲပြောင်းဖူးမှုန့်များသုပ်လိမ်းပေးပါ။)
၈။ ဖက်ထုပ် အ၇ွက်အတွက် တရုတ်ထမင်းစားပန်းကန်လုံးကို ယူရ်ျ ဂျုံပြားပေါ်ကို မှောက်ချလိုက်ပါ။ ပြီးလျှင် ပန်းကန်လုံး ပတ်ပတ်လည်ကို ဓါးအချွန်ရဲ့ထိပ်ဖြင့် ဖျက်ပါ။ (သို့) နို့ဆီဗူးခွံဖြင့်ဖိရ်ျဖျက်နိုင်ပါတယ်။ဖက်ထုပ်အ၇ွက် ဝိုင်းဝိုင်းလေးတွေရပါပြီ။ (ဖက်ထုပ်အ၇ွက် တရွက်နှင့် တရွက်မကပ်အောင် ပြောင်းဖူးမှုန့်များလူးပေးထားပါ။)
၉။ ခေါက်ဆွဲအတွက်ဆိုလျှင် ခုနက အပြားလိုက်လုပ်ထားသော ဂျုံပြားရဲ့မျက်နှာပြင်ကို အ၇င်ဆုံး ပြောင်းဖူးမှုန့်ဖြူး ပြီးလျှင် လိပ်လိုက်ပါ။ လိပ်ပြီးမှ လိုချင်သော အ၇ွယ်အစားခေါက်ဆွဲများကို ဖြတ်ပါ။ ဖြတ်ပြီးသားခေါက်ဆွဲများကို ပြောင်းဖူးမှုန့် အနည်းငယ်ဖြူးရ်ျ ဖွပေးပါ။
၁၀။ ဖက်ထုပ်နှင့် ခေါက်ဆွဲများကို ချက်ချင်းမစားသေးလျှင် လေလုံသော အိတ်ထဲသို့ထည့်ရ်ျ ရေခဲသေတ္တာထဲတွင် ၁ ပတ်ခန့်သိမ်းထားပြီး စားနိုင်ပါသည်။

Crd.အိစံ

Comments