တုန်ယမ်းဖက်ထုပ်ကြော်

 တုန်ယမ်းဖက်ထုပ်ကြော်

-----------------------------
ဒီဖက်ထုပ်ကြော်က တုန်ယမ်းအနံ့အရသာလည်း ရှိသလို လွယ်ကူရိုးရှင်းလှတဲ့ ဖက်ထုပ်ကြော်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• ဆီ - လိုအပ်သလို
• ကြက်ဥ - ၁ လုံး
• သကြား - အနည်းငယ်
• ဝက်သား - ၁၅၀ ဂရမ် (ကြိတ်ထားပါ)
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးစိမ်း - ၃ တောင့် (ပါးပါးလှီးပါ)
• ဆား - အနည်းငယ်
• ဖက်ထုပ်ရွက် - ၂၀ ရွက်ခန့်
• တုန်ယမ်းခဲ - ၁ ခဲ
• ကြက်သွန်မြိတ် - အနည်းငယ် (နုပ်နုပ်စဉ်းပါ)
• ရှမ်းနံနံ - အနည်းငယ် (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်နီ - ၁ လုံး (နုပ်နုပ်စဉ်းပါ)

ပြုလုပ်နည်း
၁။ ကြက်ဥ ၁ လုံးကို ဖောက်ပြီး ခေါက်ထားပါ။
၂။ ကြိတ်ထားတဲ့ ဝက်သား၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ကော်မှုန့်၊ တုန်ယမ်း အနှစ်နှင့် ကြက်ဥတို့ကို ထည့်ပြီး နှံ့အောင်နယ်ပါ။
၃။ ဝက်သားရလျှင် ဖက်ထုပ်ရွက်ထဲ ထည့်ပြီး ဖက်ထုပ်ထုပ်ပါ။
၄။ ပြီးလျှင် ဖက်ထုပ်ကို ကြော်ပါ။ အရောင်သန်းလာပြီး ကျက်ပြီ ဆိုလျှင် ရပါပြီ။
------------------------------------------
Crd
Eant Wint Htut
All reactions:
50

Comments