စမူဆာကြော်နည်း (၃)

 အာလူးစမူဆာ စပ်စပ်မွှေးမွှေး (၆၅ ခု)


ပိုသည့်စမူဆာများကို frozen လုပ်ပြီးသိမ်းထားနိူင်ပါတယ်။

***... အာလူးဟင်း အတွက် လိုအပ်တာလေးတွေ…

1. ဆီ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း
2. ဇီယာစေ့ (cumin seeds) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
3. ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
4. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
5. ဇီယာစေ့အမှုန်. (cumin powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
6. နံနံစေ့အမှုန်. (coriander powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
7. အရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
8. garlic paste – ထမင်းစားဇွန်း ၁ ဇွန်း
9. ginger paste – ထမင်းစားဇွန်း တစ်ဝက်
10. နူးအောင်ပြုတ်ပြီး အခွံခွါကာ ခပ်သေးသေးလှီးထားသော အာလူးအရွယ်လတ် – ၉ လုံး
11. ခပ်ပါးပါးလှီးထားသော နံနံပင် – တရုတ်ပန်းကန်လုံး တစ်ဝက်
12. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
13. အရသာမှုန်. (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
14. သံပရာရည် – ထမင်းစားဇွန်း ၁ ဇွန်း

medium high heat နှင့် အပူပေးထားသည့် ဆီ အနည်းငယ်ပူလာလျှင် ဇီယာစေ့ကို ထည့်ပြီး စက္ကန်. ၃၀ ခန်.ပေါက်ခိုင်းပါ။

ပြီးလျှင် ငရုတ်သီး၊ နနွင်းမှုန်.၊ ဇီယာစေ့အမှုန်.၊ နံနံစေ့အမှုန်.၊ အရောင်တင်မှုန်.၊ garlic paste နှင့် ginger paste တို.ကို ထည့်ပြီး စက္ကန်. ၃၀ ခန်. မွှေကြော်ပါ။

အာလူး၊ အရသာမှုန်.၊ သံပရာရည် နှင့် ဆား ထည့်ကာ အာလူးများ အတော်လေးကြေသွားအောင် ၄၊၅ မိနစ်ခန်. ဇွန်းနှင့် ဖိချေမွှေကြော်ပေးပါ။

နံနံပင်ထည့်ကာ ၁ မိနစ်ခန်. ထပ်ကြော်ပြီးလျှင် စမူဆာအတွက် အာလူးဟင်းလေး အသင့်ဖြစ်ပါပြီ။

ကပ်ရန်ကော်အတွက် ဂျုံမှုန်.(ထမင်းစားဇွန်း ၃ ဇွန်းခန်.) ကို ရေ(ထမင်းစားဇွန်း ၆ ဇွန်းခန်.) နှင့် ရောကာ ဖျော်ထားပါ။

spring roll pastry အပြားကြီးကို ၃ ပိုင်း အညီအမျှပိုင်းကာ ၂ လွှာ(ရွက်)ချင်းစီကပ်ပြီး ခွါထားပါ။ (ကြော်သောအခါ ကွဲထွက်မသွားစေရန် ၂ ရွက်က တတ်နိုင်သမျှ ကပ်နေပါစေ။)

၂ ရွက်ကပ်ကာ ခွါပြီးလျှင် အောက်ဖော်ပြပါပုံများအတိုင်း ခေါက်သွားပါ။

ကော်ကို သုတ်ပေးပါ။

ပြီးလျှင် အာလူးဟင်း (လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်) ထည့်ကာ နေရာလွတ် အနည်းငယ်ရှိအောင် ဇွန်းနှင့် ဖိချပေးထားပါ။

ထိုလွတ်နေသောနေရာ (နှုတ်ခမ်းအနား)ကို ကော်သုတ်ပေးပါ။

ကော်များကပ်သွားအောင် လက်နှင့် ဖိကာ ပိတ်ပေးပါ။

အောက်ပါပုံများအတိုင်း ဆက်လုပ်သွားပါ။

စမူဆာတစ်ခုထုတ်ပြီးသွားလျှင် အစာထည့်ထားသည့် အာလူးများ တစ်နေရာထဲ စု မနေစေရန် လက်ဖဝါးပေါ်တင်ပြီး နောက်လက်တစ်ဖက်နှင့် ခပ်ဖွဖွ ဖိပြားပေးပါ။

ထိုသို. အားလုံး လုပ်ပြီးလျှင် လှပသေသပ်သော စမူဆာလေးများ ကြော်ရန် အသင့်ဖြစ်ပါပြီ။

medium high heat နှင့် အပူပေးထားသည့် ဆီ အလယ်အလတ်လောက် ပူလာလျှင်(စမူဆာ အရောင်လှစေရန် နှင့် pastry များ ဗြုတ်မထစေရန် ဆီ အရမ်းမပူပါစေနှင့်။) စမူဆာတစ်ခုချင်းစီ ထည့်ပေးပါ။

နောက်တစ်အိုး ထပ်မကြော်ခင် ဆီကို အနည်းငယ်ပြန်အေးခိုင်းထားပြီးမှ ထည့်ကြော်ပါ။

အားလုံးပြီးလျှင် လှပပြီး စားချင်စရာကောင်းလှသော စမူဆာလေးများကို စမူဆာကြော် အနေဖြင့် အချဉ်လေးနှင့်တို.ကာ စားနိူင်သလို၊ အုန်းနိူ.ခေါက်ဆွဲအရည်၊ ပဲရည်တို.ဖြင့်လည်း သုပ်စားနိူင်ပါပြီ။

Crd.chawsu

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း