ဆော့စ်လုပ်နည်း

 Seafood Sauce

---------------
မန်ကျည်းသီး - လက်တစ်ဆုပ်စာ
ထန်းလျက် - တစ်ခဲ
ငံပြာရည် - လက်ဖက်စားတစ်ဇွန်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
နံနံပင် - လက်ဖက်စားဇွန်း ၂ဇွန်းစာ

ပထမဆုံး မန်ကျည်းသီးကို ရေဆေးအရည်ညှစ်ပြီး သောက်ရေတစ်ခွက်စာနဲ့ ကျိုထားပါမယ်။

မန်ကျည်းရည်ပျစ်ပြီဆိုတာနဲ့ ထန်းလျက်ခဲ
ထည့်ကျိုပါမယ်။ ပြီးတာနဲ့ အဖက်တွေစစ်ထုတ်ပြီး ငံပြာရည်၊ မြေပဲထောင်း ငရုတ်သီးစိမ်းပါးပါးလှီးပြီးမွှေပါမယ်။

နောက်ဆုံးမှ နံနံပင် ထည့်မွှေရင် အရသာရှိတဲ့ မန်ကျည်းချဉ်ရပါပြီ။


Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း