ဂျပန် ဖက်ထုပ်ကြော်
ဂျပန် ဖက်ထုပ်ကြော်
ဂျပန် ဖက်ထုပ်ကြော်လေးပါ။ ပုံရော၊ လုပ်ပုံလုပ်နည်းရော ကိုရီးယား ဖက်ထုပ်(မန်ထို)နဲ့ အတော်တူပါတယ်။
ဒါပေမယ့် အထဲမှာထည့်ထားတဲ့ အစာပလာတွေကတော့မတူဘဲ ဂျပန် ဖက်ထုပ်မှာ အသားနှင့်ဂေါ်ဖီထုပ်ကို
အစာသွတ်ထားပြီး ထူးထူးခြားခြား ငရုတ်သီးမှုန့်ကြောင့်
ခပ်စပ်စပ်အရသာကိုပါ ထူးခြားစွာ ရရှိမှာပါ။
ထို့ပြင် ဂျပန်ဖက်ထုပ်က မန်ထိုထက်လည်း
လုပ်ရတာ ပိုလွယ်ပါတယ်။
ဒါကြောင့် ခုပဲ တူတူလုပ်ကြည့်ရအောင်။
ပါ၀င်ပစ္စည်းများ [Ingredients]
-------------------------------------
• ဖက်ထုပ်ရွက်[Wandon Sheet] - ၂၀ရွက် (အဝုိင်း)
မှတ်ချက် ။ ။ ဖက်ထုပ်ရွက်အဝုိင်းမရှိပါက
လေးထောင့်ဖက်ရွက်ကို အဝုိင်းပုံ လှီးဖြတ်လိုက်ပါ။
• ၀က်သား (သို့) ကြက်သား-၂၀ကျပ်သား (နုပ်နုပ်စဉ်းပါ)
• တရုတ်မုန်ညင်းထုပ် - ၁ခွက်စာ (အရှည်လိုက် ပါးပါးလှီးပါ)
• ကြက်သွန်နီ - တစ်၀က် (နုပ်နုပ်စဉ်းထားပါ)
• ကြက်သွန်ဖြူ - ၂မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ပဲငံပြာရည် အကြည် - စားပွဲဇွန်း ၁ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း တစ်၀က်
• နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ငရုတ်သီးခြောက် - ၃တောင့်
(ညက်အောင် ထောင်းထားပေးပါ)
ဖက်ထုပ်လုပ်နည်း
---------------------
၁။ အရင်ဆုံး ဇောက်ပန်းကန်တစ်ခုထဲတွင်
နုပ်နုပ်စဉ်းထားသော ၀က်သား(သို့) ကြက်သားများကို
(မုန်ညင်း၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊ သကြား၊ ငရုတ်သီးခြောက်အမှုန့်) တို့ကို
သမအောင် လက်ဖြင့်ရောနယ်လိုက်ပါ။
၂။ ပြီးမှ ဖက်ရွက် တစ်ရွက်ကို ယူ၍
နယ်ထားသောအစာ(စားပွဲဇွန်း ၁ဇွန်း)ကို
အလယ်တွင် ထည့်လိုက်ပါ။
၃။ ပြီးလျှင် ဖက်ရွက်ဘေးနှုတ်ခမ်းသားများကို
ရေအနည်းငယ်စီ စွတ်လိုက်ပါ။
၄။ ထို့နောက် ဖက်ရွက်ကို တစ်၀က် ခေါက်လိုက်ပြီး
ပုံတွင်ပါသည့်အတိုင်း ပုံဖော်သွားပါ။
၅။ ထိုနည်းအတိုင်း ကျန်ဖက်ထုပ်များကို
ထုပ်သွားပေးပါ။
၆။ ဒယ်အိုးထဲသို့ ဟင်းရွက်ဆီ(စားပွဲဇွန်း တစ်၀က်) ခန့်
ဒယ်အိုးဆီပေရုံ ထည့်ပေးပါ။
၇။ ဆီပူလာမှ ဖက်ထုပ်တစ်၀က်ကို အရင်ထည့်ကြော်
ပေးပါ။
၈။ ဖက်ထုပ်အောက်ပိုင်းများပုံတွင်
ပြထားသည့်အတိုင်းအညိုရောင်သမ်းလာမှ
ရေ(ခွက်တစ်၀က်)ခန့်ထည့်ပြီး အဖုံးပြန်အုပ်ပြီးမှ ချပေးပါ။
၉။ ရေခန်းသွားလျှင် ဂျပန်ဖက်ထုပ်များကို
ပန်းကန်ထဲသို့ ပြန်ဆယ်ထားပေးပါ။
၁၀။ ဖက်ထုပ်များရပြီဆိုလျှင် ဂျပန် Tarkayaki ဆော့စ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Crd.ဝတ်ရည်
Comments
Post a Comment