မန္တလေးဖက်ထုပ်ကြော်ကြွပ်ကြွပ်လေး

    ဖက်ထုပ်ကြော်ကြွပ်ကြွပ်လေး

    မန္တလေးက နာမည်ကြီး ဖက်ထုပ်ကြော်ဆိုင် (ဖူဂျီစတိုးနား) က ဖက်ထုပ်ကြော် အတိုင်းကြော်ထားတာပါ။             သူငယ်ချင်းတယောက်က သင်ပေးတာပါ။ တကယ်က အထဲမှာပါ၀င်တာက ၂မျိုးထဲပါ။ အဲဆိုင်က အချဉ်လုပ်နည်းက    လဲလွယ်ပါတယ်။


ပါ၀င်သောပစ္စည်းများ
၁။ ကြက်သား (သို့) ၀က်သားအကြေ - ၁ ပေါင်
၂။ ခုချိုင် (ခုဆိုင်) (ဂျူးမြိတ်)chives - ၁ စီး (သေးသေးလေးတွေလှီးထားပါ။)
(အသားကို ဇလုံထဲထည့်ရင် အသား၁ဆ ခုချိုင်(ခုဆိုင်) ၂ဆ)
၃။ ဆား -လက်ဖက်ရည်ဇွန်း ၁ ၀က်
၄။ သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ဖက်ထုပ်အ၇ွက် အပါးဆုံး (market မှာ ၀ယ်မယ်ဆို wonton wrap ပါ။)
၆။ ကွကျဥ အကာ

ပြုလုပ်နည်း
၁။ အသားနှင့် ခုချိုင်(ခုဆိုင်) ကို ဆား၊ သကြားတို့နှင့် လုံး၀နှံ့နေအောင်နယ်ထားပါ။
၂။ ကြက်ဥအကာကို ခလောက်ထားပါ။ ဖက်ထုပ်ကပ်ရန်အသုံးပြုဘို့ပါ။
၃။ ဖက်ထုပ်အ၇ွက်ထဲကိုထည့်ရ်ျ ပိတ်ပါ။ ပြီး၇င်ဆီထဲမှာကြော်လို့၇ပါပြီ။ အများကြီးလုပ်ထားပြီး ရေခဲသေတ္တာအခဲထဲမှာ သိမ်းထားလို့ရပါတယ်။ သိမ်းထားရင် ဒီအတိုင်း အထုပ်ထဲသိမ်းလို့မရပါ။ အ၇င်ဆုံး ပန်းကန်ပြားမှာဆီထည့်ပြီ ရေခဲသေတ္တာတွင် ခဲပါ။ ခဲသော ဖက်ထုပ်များကိုမှ အထုပ်ထဲ ထည့်သိမ်းပါ။ မခဲခင်သိမ်းထားလျှင် ပြန်ပြီးထုတ်ကြော်လျှင်ကပ်နေတတ်ပါသည်။

အချဉ်ရည်ပြုလုပ်နည်း
၁။ ဂျင်းများကို အမျှင်လေးများဖြစ်အောင် ခြစ်နဲ့ခြစ်ပါ။ ပြီး၇င် ဆား၊ သကြား၊ ဗင်နီဂါ ကိုထည့်ပြီး ေ၇ေ၇ာပါ။ တချို့က တရုတ်နံနံ ပါထည့်ပါသည်။ တရုတ်ပန်းကန်တလုံးစာအတွက် အချဉ်ဆိုရင် ဂျင်း၊ ဆားအနည်းငယ်၊ သကြားလက်ဖက်ရည်ဇွန်း လေးပုံ၁ပုံ၊ ဗင်နီဂါ ထမင်းစားဇွန်း ၂ ဇွန်း ကို ေ၇ာပြီး ပန်းကန်ပြည့်အောင်ေ၇ေ၇ာပါ။ အ၇သာအပေါ့အငံကိုမြည်းရ်ျ ကြိုက်နှစ်သက်သလိုပြင်ပါ။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

Crd အိစံ
All reactions:
8

Comments