ရေမုန့်လုပ်နည်း
ရေမုန့် လုပ်စားကြရအောင်
ပါဝင်ပစ္စည်း
အချိုးဆကိုတော့ အဆင်ပြေသလို ချိန်ညှိပြီး လုပ်လို့ရပါတယ်နော်
ပြုလုပ်ပုံအဆင့်ဆင့်
ဆန်မှုန့်ထဲသို့ ရေထည့်ပါ ဒီနေရာမှာ သတိထားရမှာက ရေမုန့်ရဲ့ထုံးစံအတိုင်း မုန့်ရေကျဲရင်ပိုကောင်းပါတယ်
မုန့်ရေထဲကို ဆား အရသာမှုန့် ကြက်သွန်မြိတ် ဂျင်းအရည် ထည့်ပါ နံနံပင် မထည့်လည်းရပါတယ် အရသာက မြည်းကြည့်လို့ရပါတယ်
ပြီးနောက် အိုးအပြားကို အပူပေးပြီး မုန့်ရည်ကို ခပ်ထည့်ပါ အလယ်တည့်တည့်ထည့်ပြီး ဘေးနားကို ဆွဲလိုက်ပါ အပေါက်တွေဖြစ်နေရင်မုန့်ရည်နဲ့ ဖာလိုက်ပါ ။
ပြီးနောက် မုန့်ထဲသို့ ပဲပြုတ် ကြက်ဉကြိုက်ရင် ထည့်လို့ရပါတယ် ဆီအနည်းငယ်ထည့် ပြီးရင် အဖုံးအုပ်ပါ ခဏလေးပဲစောင့်ရင် ရေမုန့်က ကျတ်ပါပြီ
ဒါဆိုရင်တော့ ဇွန်းပြားနဲ့ ခပ်တင်ပြီး ချလို့ရပါပြီ ဒါဆိုရင်တော့ အရသာရှိတဲ့ ရေမုန့်ကို ရပါပြီနော်
Crd to cee cee
Comments
Post a Comment