တရုတ်ဒင်းဆမ်း ဖက်ထုပ်အသားပေါင်း

 တရုတ်ဒင်းဆမ်း ဖက်ထုပ်အသားပေါင်း ♡

❀ ❀ ❀ ❀ ❀ ❀

ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။Dimsumတွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အသားပေါင်းကတော့ဒင်းမ်ဆမ်းဆိုင်တွေမှာတော့မပါမဖြစ်လူကြိုက်များတဲ့အမျိုးအစားလေးဖြစ်ပါတယ်။နှစ်သက်၇ာအသားကိုစင်းပြီးပုဇွန်နှင့်မှိုတို့ဖြင့်ေ၇ာစပ်ပြီးဖက်ထုပ်ဖက်ဖြင့်ထုပ်ပြီးပေါင်းထားတဲ့အိမ်မှာလုပ်စားရလွယ်တဲ့တရုပ်ဒင်းဆမ်းတမျိုးဖြစ်ပါတယ်။။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း
********************
(အချပ် -၄၀)
ဂျုံမှုန့် - ၂၀၀ဂရမ်
ဆား - အနည်းငယ်
ရေ - ၁၁၀ml
ကော်မှုန့် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
*******
(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။
(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။
(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။
(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။
(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။
(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။
ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
****
ဖတ်ထုပ်ရွက် - ၁၅ရွက်
ကြက်သား+ ကြက်ဆီ - ၃၀၀ ဂရမ်
ပုဇွန် - ၁၀၀ ဂ၇မ်
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား- ဇွန်းတဝက်
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
မှိုခြောက် အမဲ - နှစ်ပွင့် ရှီတာခီ
ဂျင်း - သေးသေးစိတ် တစ်ဇွန်း
နှမ်းဆီမွေး - ၂ဇွန်း
ဟင်းချက်ဆီ သို့ သံလွင်ဆီ - တစ်ဇွန်း
မုန်လာဥနီ - နုတ်နုတ်စင်း ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
*******
(၁)ပုဇွန်အသားကိုကြိတ်စက်ထဲထည့်ပြီးခပ်ကြမ်းကြမ်းကြိတ်ပြီးဖယ်ထားပါ။ပန်းကန်တခုတွင်ထည့်ပါ။
(၂)ကြက်သားနှင့်ကြက်ဆီအေ၇ာကိုထည့်ကြ်ိတ်ပြီးပုဇွန်ကြိတ်သား ထဲထည့်ပါ။
(၃)ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်းမှုန့်၊သံလွင်ဆီ၊ဂျင်း၊မှိုခြောက်ကိုရေစိမ်ပြီးေ၇ညစ်ကာနုတ်နုတ်စင်း၊တို့ကိုထည့်ပြီးယောင်းမသို့မဟုတ်တူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)
(၄)ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီး(လက်ညိုးလက်မ)ကတော့ ပုံစံအချိုင့်ပြုလုပ်ပြီးနှပ်ထားသောအသားကိုထည့်ပါ။အိုးပုံစံလေးရအောင်ပြုလုပ်ပေးကာပေါင်းမည့်အိုးတွင်ဆီစိမ်စက္ကူသို့မဟုတ်ငှက်ပျောဖက်ခင်းကာစီထည့်ပါ။
(၅)တခုနှင့်တခုနေ၇ာအနည်းငယ်ခြားထားပါ။အားလုံးထုပ်ပြီးပါကအသားပေါင်းအပေါ်အလယ်တွင်မုန်လာဥနီနုတ်နုတ်စင်းထားသည်ကိုတင်ပေးပါ။
(၆)ပေါင်းအိုးတွင်ရေတစ်လက်မခန့်ထည့်ပြီးတည်ပါ။ဆူပွက်ပါကအသင့်ပြုလုပ်ပြီးသားဘမ်းကိုတင်ပြီး၇မိနစ်မှ၁၀မိနစ်ခန့်ပေါင်းပြီးထုတ်ယူကာပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ **ရိုးရာဒင်းဆမ်းတွင်ဆော့မပါ၍နှစ်သက်ရာဆော့စ် သို့မဟုတ် ပဲငံပြာရည်၊ဆီမွေးနှင့့်ကြက်သွန်မိတ်တို့ကိုေ၇ာပေးပြီးတွဲဖက်တည်ခင်းနိုင်ပါတယ်။
...........
Crd
Sofia

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း