ထောပတ်အာလူးကတ်တလိတ်ကြော်
ထောပတ်အာလူးကတ်တလိတ်ကြော်
နူးအောင်ပြုပ်ပြီးအခွံခွာကာစေးနေအောင်ထောင်းထားသောအာလူး - ၆ဆယ်သား
ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားမှုန့်ထဲ့လဲရ)
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ထောပတ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး
ပွလာအောင်ခလောက်ထားသောကြက်ဥ - နှစ်လုံး
ဂျုံမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
ပေါင်မုန့်ခြောက်အမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ
ပြင်ဆင်ပုံ
အာလူးထောင်း ထောပတ် ငရုတ်ကောင်းမှုန့် ဆား ဟင်းချိုမှုန့်နှင့်ကော်မှုန့်တို့ကို စေးပိုင်နေအောင် နယ်ပေးပါမယ်
အာလူးနယ်ကို အနေတော်အလုံးလေးများလုံးပြီ းဂျုံမှုန့်ထဲတွင်လှိမ့်ပေးပါတယ်
ဂျုံမှုန့်တွင်လှိမ့်ပြီးသားကို ကြက်ဥထဲတွင်နှစ်ပေးပါတယ်
ကြက်ဥထဲမှဆယ်ယူကာပါမုန့်ခြောက်အမှုန့်ထဲတွင်ထပ်ပြီးလှိမ့်ပေးပါတယ်
အားလုံးပြီးသွားပါကမီးအနေတော်နှင့်အပူပေးထားသောဆီပူပူတွင်ညိုလာတဲ့ထိကြော်ပေးပါတယ်
အာလူးကတ်တလိတ်မွှေးမွှေးလေးကို ဆီစစ်သွားလျှင်သုံးဆောင်လို့ရပါပြီ
Crd.mar mar
Comments
Post a Comment