ဖက်ထုပ်လုပ်နည်း

 ဖက်ထုပ်လုပ်နည်း (၁၀)မျိုး

👇👇👇
လုပ်နည်းသိထားတော့
အိမ်မှာကိုယ်တိုင်လုပ်စားလို့အဆင်ပြေတာပေါ့ 😋
Credit Photos and Idea - Win Win

ဖက်ထုပ်ဆီချက်
---------------
ဆီပူလာရင် နုတ်နုတ်စဉ်းထားတဲ့
ကြက်သွန်ဖြူများထည့်ကြော်ပါ
မီးလျော့ပြီး မပျက်မွှေပေးပါ
အရောင်ပြောင်းလာပြီး ကြွပ်ရင် စကာဖြင့်ဆယ်ထားပါ
ကျန်ခဲ့တဲ့ဆီရော ဆယ်ထားတဲ့ကြက်သွန်ဖြူရော အေးသွားပြီဆိုမှ ဆီချက်နဲ့ကြ်သွန်ဖြူ ပြန်ရောထားပါ
ရေနွေးဆူဆူမှာ အစာထည့်ပြီးထုပ်ထားတဲ့ ဖက်ထုပ်များထည့်ပြီ ပြုပ်ပါ အသားကျက်လောက်ပြီဆို ဇကာနဲ့ဆယ်ပြီးရေပြောင်အောင်စစ်ပြီး ဆီချက်ထည့်ပါ ပဲငံပြာရည် အကြည်အနည်းငယ် ဆား အရသာမှုန့် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်
ကြက်ဥနဲ့ မုန်ညှင်းရွက် ထည့်ချင်
ဖက်ထုပ်နဲ့အတူ ထည့်ပြုတ်နိုင်ပါသည်။
-ငြုပ်သီးဆီချက်နဲ့စားချင်ရင်တော့
ဆီချက်-ချက်တုန်းက ကြက်သွန်ဖြူ ဆယ်ပြီးမီးပိတ်ပြီး
ငြုပ်သီးခွဲခြမ်းဖတ်ထည့်ပြီးမွှေပေးပါ
ပြီးရင် ကြက်သွန်ဖြူပြန်ရောလိုက်ပါ
----------------/---------------
အရသာထည့်တာကတော့ မိမိစိတ်ကြိုက်ထည့်ပါ
အိမ်မှာ ကိုယ်လုပ်စားတဲ့အတိုင်းလေး ရေးပေးထားပါတယ်
အရမ်းစားကောင်းပါတယ်
ဖက်ထုပ်ရွက်ကတော့ ကိုယ်တိုင်မလုပ်နိုင်လဲ ဝယ်လို့လွယ်ပါတယ်

ဖက်ထုပ်
---------
ဖက်ထုပ်ရွက်က တရုတ်တန်းက
အဖြူရောင်နဲ့ အဝါရောင် ၂-မျိုး
Readymade ဝယ်တာပါရှင်
ကိုယ်တိုင်လုပ်ရင် အချိန်ကုန် လူပင်ပန်း ပြီး စားမကောင်းတာများလို့ပါ
-------------
-ဖက်ထုပ်ထဲက အစာကတော့ အမျိုးမျိုးလုပ်ပါတယ်
-ကြက်သား/ဝက်သား/ငါး/ပုစွန်/
တို့မှ နှစ်သက်ရာအသားသုံးဆယ်သားခန့်ကို
နုတ်နုတ်စဉ်းပါ(သို့)ကြိတ်စက်နဲ့ကြိတ်ပါ
-ချင်း၊ကြက်သွန်ဖြူကို ထောင်းပြီး အရည်ညစ်ထည့်ပါ
ကြက်သွန်မြိတ် နုတ်နုတ်စဉ်း
ဆားအနည်းငယ် ၊အရသာမှုန့်၊
ကြက်ဥတလုံး၊ကော်မှုန့် ထမင်းဆားဇွန်းတဇွန်းခန့်၊ ပဲငံပြာရည် အနည်းငယ် (ငရုပ်ကောင်းထည့်လိုကအနည်းငယ်ထည့်ပါ)အားလုံးသမအောင် စေးပိုင်အောင် နယ်ပါ(သို့)မွှေစက်ဖြင့် ခဏမွှေပေးပြီး
-ဖက်ထုပ်ရွက်ထဲကိုနှစ်သက်သလို
ပုံစံထုပ်ပြီး ပေါင်းအိုးဖြင့်ပေါင်းပေးပါ
-ပေါင်းအိုးထဲဖက်ထုပ်များမထည့်ခင် အိုးအခင်းကို ဘရက်(သို့)ဆီစုပ်တစ်ရှူးဖြင့် ဆီဆွတ်ပြီးသုပ်ပေးပြီးမှ ဖက်ထုပ်များကိုတခုနဲ့တခု မထပ်အောင်စီထည့်ပါ
နာရီဝက်လောက်ပေါင်းပါ
ပိုပြီးအိအိ​ေလးစားချင်ရင် အချိန်ပိုပေါင်းပါနော်

က်ထုပ်များတခုနဲ့တခုမကပ်အောင်ပြုလုပ်နည်း

ပေါင်းအိုးထဲဖက်ထုပ်များမထည့်ခင် အိုးအခင်းကို ဘရက်(သို့)ဆီစုပ်တစ်ရှူးဖြင့် ဆီဆွတ်ပြီးသုပ်ပေးပြီးမှ ဖက်ထုပ်များကိုတခုနဲ့တခု မထပ်အောင်စီထည့်ပါ
နာရီဝက်လောက်ပေါင်းပါ
ပိုပြီးအိအိ​ေလးစားချင်ရင် အချိန်ပိုပေါင်းပါနော်


Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း