လက်ဖက်မွှေးဖက်ထုပ်ကြော်

 လက်ဖက်မွှေးဖက်ထုပ်ကြော်


လက်ဖက်ကအကြော်အလှော်ထဲမှာထည့်စားရင်တော်တော်ကိုမွှေးပြီး အဆင်အရမ်းပြေတာကိုတွေ့ရပါတယ်။ လက်ဖက်ရဲ့အနံ့ကိုပိုမွှေးပြီး စားလို့အရမ်းကောင်းပါတယ်။ အခုဖက်ထုပ်ကြော်လေးနဲ့ကတော့ ပိုလိုက်စေတာက လက်ဖက်နဲ့အကြော်စုံကြွပ်ကြွပ်လေးလိုပဲ ဖက်ထုပ်အရွက်ရဲ့ကြွပ်ကြွပ်လေးနဲ့စားရတော့ ပိုပြီးအရသာကောင်းစေပါတယ်။ အသားကို ကြက်သား /ဝက်သား အပြင် ပုဇွန်လေးနဲ့လဲလုပ်ကြည့်ပါတယ်။ ဘယ်အသားကိုသုံးသုံးအဆင်ပြေပါတယ်။ ပုဇွန်နဲ့ကတော့ အလိုက်ဆုံးပါပဲ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာအသား - အဝက်သား (သို့) ၈ အောင်စ
၂။ ဦးကာက ဇယန်းနှပ်လက်ဖက် - ထမင်းစားဇွန်း ၃ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၄။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၅။ ဖက်ထုပ်အရွက် - အခု ၅၀ နည်းပါး
၆။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အသားနှင့်လက်ဖက်ကို တောက်တောက်စဉ်းပြီး ဆား၊ သကြားတို့ဖြင့်နှံ့အောင်နယ်ပါ။
၂။ ထို့နောက် ဖက်ထုပ်အရွက်ထဲကို နယ်ထားသော အသား လက်ဖက်ရည်ဇွန်း တဝက်ခန့်ထည့်ပြီး ဖက်ထုပ်အရွက်ကိုရေစွတ်ရ်ျ ပိတ်ပါ။
၃။ ဖက်ထုပ်များကို ဆီများများဖြင့် ရွှေဝါရောင်သမ်းလာသည်အထိကြော်ပါ။

အချဉ်ရည်ပြုလုပ်နည်း
၁။ ဂျင်းများကို အမျှင်လေးများဖြစ်အောင် ခြစ်နဲ့ခြစ်ပါ။ ပြီး၇င် ဆား၊ သကြား၊ ဗင်နီဂါ ကိုထည့်ပြီး ေ၇ေ၇ာပါ။ တချို့က တရုတ်နံနံ ပါထည့်ပါသည်။
တရုတ်ပန်းကန်တလုံးစာအတွက် အချဉ်ဆိုရင် ဂျင်း၊ ဆားအနည်းငယ်၊ သကြားလက်ဖက်ရည်ဇွန်း လေးပုံ၁ပုံ၊ ဗင်နီဂါ ထမင်းစားဇွန်း ၂ ဇွန်း ကို ေ၇ာပြီး ပန်းကန်ပြည့်အောင်ေ၇ေ၇ာပါ။ အ၇သာအပေါ့အငံကိုမြည်းရ်ျ ကြိုက်နှစ်သက်သလိုပြင်ပါ။

Crd.အိစံ
All reactions:
9

Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

မန္တလေးပဲကပ်ကြော် (၁)

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း