အကြော်စုံလုပ်နည်း

 

🦞 အကြော်စုံလုပ်နည်း 🦞
*************************
အကြော်စုံ ကြိုက်နှစ်သက်သူများ အတွက်
အကြော်စုံ တင်ပေးလိုက်ပါတယ်။
မိမိအိမ်မှာပဲ ဆီသန့်သန့်လေးနဲ့
အကြော် ပူပူနွေးနွေးလေး
ကြော်စားနိုင်ကြပါစေ။

မူရင်း ပဲခူးဒေါ်ထွေးရီ


🌿 ပြောင်းဖူးကြော် 🌿
*********************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ သကြား 👉 ထမင်းစားဇွန်း ၁ ဇွန်း
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်

နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်၍
လှီးထားတဲ့ ပြောင်းဖူးနဲ့နယ်ပီး ဆီများများနဲ့ကြော်ရုံပါပဲ။

ခရမ်းသီးကြော်

❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ခရမ်းသီးကို မထူ မပါးလှီး၍
မုန့်နှစ် ပျစ်ပျစ်နဲ့ ရောနယ်ပီး ဆီများများနဲ့ကြော်ပါလေ။

🌺 ခရမ်းသီးကြော်ကိုလည်း
🌺 အချို့က အတော်ကြိုက်တတ်ကြပါတယ်။


🌿 ရုံးပတီသီးကြော် 🌿
**********************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ရုံးပတီသီးလေးများကို ရေဆေး ရေစစ်ထားပီးရင်
မုန့်နှစ် ပျစ်ပျစ်ထဲ နှစ်ပီး ဆီများများနဲ့ကြော်ပါလေ။

ရုံးပတီသီး အရသာ ချိုချိုလေးနှင့် အရမ်းစားကောင်းပါသည်။


🌿 ဆူးပုပ်ရွက်ကြော် 🌿
**********************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ဆူးပုပ်ရွက်နုနုလေးများကို သင်၍ ရေဆေး ရေစစ်ထားပီးရင်
မုန့်နှစ် ပျစ်ပျစ်နဲ့ ရောနယ်ပီး ဆီများများနဲ့ကြော်ပါလေ။

🥔 အာလူးမဆလာ အစပ်ကြော် 🥔
*********************************
စားဖူးသူတိုင်း အကြိုက်တွေ့စေရမယ့်
အာလူးမဆလာ အစပ်ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
**************
၁- အာလူး ( ပြုတ်ပီး ထောင်းထားပါ )
၂- ကြက်သွန်နီ ( နုတ်နုတ်စင်းထားပါ )
၃- ငရုတ်သီးစိမ်း ( ပါးပါးလှီးထားပါ )
၄- ကြက်ဥ ( ခေါက်ထားပါ )
၅- ကော်မှုန့်
၆- မဆလာ
၇- ဟင်းခပ်မှုန့်
၈- ဆား

ပါဝင်ပစ္စည်း ၈ မျိုးကို ရောနယ်လိုက်ပီး
အရသာစပ်ပီး မြည်းကြည့်ပါ။
ပီးရင် နှစ်သက်ရာ အရွယ်လုံး၍
ဆီပူပူထဲထည့်၍ မီးအားပြင်းပြင်းနဲ့ ကြော်ပါ။
နီရဲလာရင် ဆယ်ပြီး
ဆီစစ်စက္ကူပေါ်တင်၍ ဆီစစ်ပီးနောက်
ပူပူနွေးနွေး စားသုံးပါလေ။

မှတ်ချက်
********
အာလူး ၃၀ သား မှ ကြက်ဥ ၁ လုံးသာထည့်ပါ။
အာလူး နည်းနေရင် ခေါက်ထားတဲ့ကြက်ဥကို
တဝက်လောက်သာ ထည့်ပါ။
နောက်ဆုံးမှ ကော်မှုန့်ကို လုံးကောင်းရုံမျှ ထည့်နယ်ပေးပါ။
ပီးမှ လိုသလို အရွယ်အစားလေး လုံးပေးပီး ကြော်ပါ။

အာလူး ၃၀ သား
ကွကျဥ ၁ လုံး
ကော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်းဆို ရပါပြီ။

ရွှေဖရုံသီး

❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ရွှေဖရုံသီးကို အချောင်းလေးများလှီး၍
မုန့်နှစ် ပျစ်ပျစ်နဲ့ ရောနယ်ပီး ဆီများများနဲ့ကြော်ပါလေ။

🍌 ငှက်ပျောကြော် 🍌
*********************
🍌 ဂျုံမှုန့် 150 g
🍌 ရေသန့် 100 ml
🍌 ကြက်ဥ ၁ လုံး ( ခေါက်ထား )
🍌 သကြား ထမင်းစားဇွန်း ၅ ဇွန်း
🍌 ဆော်ဒါ မကျီးစေ့ ၂ စေ့ခန့်
🍌 ငှက်ပျောသီး ၁၀ လုံး
🍌 အရောင် မကျီးစေ့ ၂ စေ့ခန့် ( မထည့်လဲရ )

အထက်ပါ အချိုးအစားများအတိုင်း
ခွက်တစ်ခုထဲထည့်ပီး သမအောင် နယ်၍ မုန့်နှစ်စပ်ပါ။
ငှက်ပျောသီးကို
အလုံးအတိုင်းကြိုက်ရင် အလုံးအတိုင်း
တခြမ်းကြိုက်ရင် တခြမ်းပိုင်းပီး
စပ်ထားတဲ့ မုန့်နှစ်ထဲ နှစ်၍

ပွက်ပွက်ဆူနေတဲ့ ဆီများများထဲ ထည့်ကြော်ပေးပါ။

မီးအား ပြင်းလိုက် လျှော့လိုက်လုပ်ပီး
အထက်အောင်လှန်ကာ ကြော်ပေးပါ။
ပီးရင် ဆီစစ်ဇကာနဲ့ ဆီစစ်ပီးရင် စားသုံးနိုင်ပါပီ။

💎 ဗူးသီးကြော် 💎
*****************

ဂျုံမှုန့်ကို ခပ်ပျစ်ပျစ်ဖျော်ပါ။
ဆား,ဟင်းခပ်မှုန့်,ဆော်ဒါ,
ငရုတ်သီး အစိမ်းမှုန့် နဲနဲ,နနွင်းမှုန့် နဲနဲ ထည့်နယ်ပါ။

အိုးထဲ ဆီများများထည့်ပီး ဆီဆူလာရင် ဗူးသီးကြော်လို့ရပါပြီ။

မီးအား အနေတော်နဲ့ ရွှေညိုရောင်သန်းတဲ့အထိကြော်ပါ။

ဆီစစ်ဇကာနဲ့ ဆီစစ်ပီးမှ စားသုံးပါ။

ကြော်တဲ့အခါ ဆီများမှ ကောင်းပါမယ်။
ငရုတ်သီး အစိမ်းမှုန့် နဲနဲ,နနွင်းမှုန့် နဲနဲ ထည့်မှ အရောင်လှပါမယ်။
ဆော်ဒါကတော့ ဂျုံမှုန့် 150gကို မကျီးစေ့ ၂ စေ့ထည့်ပါတယ်။
အချို,အငံကို မုန့်နှစ်စပ်, မြည်းကြည့်ပီးမှ ကြော်ပေးပါ။

🌷ဂျုံမှုန့်နဲ့ ကြော်ရင် အရောင် နီနီလေး ထွက်ပါတယ်။
🌷ဆန်မှုန့်နဲ့ ကြော်ရင် အရောင် ဝါဝါလေး ထွက်ပါတယ်။
🌷ဂျုံမှုန့်နဲ့ ဆန်မှုန့် ရောကြော်ရင်တော့ နီဝါရောင်လေး ထွက်ပါတယ်။

🌽 ပြလို့ပြောင်းဖူးကြော် 🌽
*************************
ပြလို့ပြောင်းက စီးစီးကပ်ကပ်လေးနေတာမို့
ကြော်စားရင် အရမ်းစားကောင်းပါတယ်။
ပြောင်းအနည်းငယ်ရင့်ရင့်လေးဆိုရင် ပိုစေးပါတယ်။

ပြလို့ပြောင်းကြော်ဖို့
ပြလို့ပြောင်း ၅ ဖူးကို စိန်ခလုတ်နဲ့ ခြစ်ပါ။
ကြက်ဥ ၁ လုံး ခေါက်ထည့်ပါ။
အရသာမှုန့်,ဆား,သကြား အနည်းငယ် ထည့်နယ်ပါ။
အိုးထဲ ဆီခပ်များများထည့်ပါ။
ပွက်ပွက်ဆူလာမှ ထည့်ကြော်ပါ။
ကြော်တဲ့အခါ မီးအားပြင်းပြင်းနဲ့ အပြင်ခွံလေး နီရဲလာရုံ
ကာကျက် သဘောသာ ကြော်ပီး ဆယ်ယူရပါတယ်။
ဒါမှ အတွင်းသားလေးက ပျော့ပျော့ အိအိ
စေးစေးပိုင်ပိုင်လေးနဲ့ စားလို့ကောင်းတာပါ။
ကြော်ပီးရင် ဆီစစ်ပီးမှ စားသုံးပါ။

ရှမ်းပြောင်း,စီးပြောင်း,ပြလို့ပြောင်း
စီးတဲ့ ပြောင်းမှန်သမျှ ကြော်လို့ရပါတယ်။

မြေးလေးတွေကို မငြိုမငြင် စိန်ခလုတ်နဲ့ ပြောင်းဖူးလေး ခြစ်ခြစ်ပီး
နေ့တိုင်း ကြော်ကျွေးတဲ့ ချစ်ဖွားဖွားကို ကျေးဇူးတင်လျှက်။

🌿 ပုစွန်ကြော် 🌿
*****************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ပုစွန်ဆိတ်ကို ရေဆေး ရေစစ်ထားပြီးနောက်
မုန့်နှစ် ပျစ်ပျစ်ထဲ နှစ်၍ ဆီများများနဲ့ကြော်ပါ။

🌿 ကြက်သွန်ကြော် 🌿
**********************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

ကြက်သွန်နီကို အလုံးလိုက် ရေဆေးပီးနောက်
ပါးပါးလှီးပီး မုန့်နှစ်ပျစ်ပျစ်နဲ့ နယ်၍
ဆီများများနဲ့ကြော်ပါ။

မှတ်ချက်
********
မုန့်နှစ်များလွန်းရင် စားမကောင်းပါ။
ကြက်သွန်နီကို ပါးပါးလှီးပီး ရေ ထပ်မဆေးရပါ။

🌿 #အပ်မှိုကြော် 🌿
******************
❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ 👉 200 ml
❄️ အရသာမှုန့် 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား 👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ 👉 မကျီးစေ့ခန့်
နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ထားပါ။

အပ်မှိုလေးများကို ရေဆေး ပြီးနောက်
မုန့်နှစ် ပျစ်ပျစ်ထဲ နှစ်၍ ဆီများများနဲ့ကြော်ပါ။

💎 #ဘရာကြော် 💎 ( သက်သက်လွတ် )
*****************
ကုလားပဲဆန်အစိမ်းကို တညရေစိမ်ထားပီး နောက်နေ့ မနက်မှာ
ဇကာနဲ့ရေစစ်ပီး ညက်နေအောင်ထောင်းထားပါ။

ပဲအကျက်မှုန့် အရည် ခပ်ပျစ်ပျစ်ဖျော်ထားပါ။

ကြက်သွန်နီ ပါးပါးလှီးထားပါ။

ပျဉ်းတော်သိမ်း ပါးပါးလှီးထားပါ။

ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။

ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။

______________________________________________________

ကြော်တော့မယ်ဆိုရင်
********************
၁-ကုလားပဲဆန်ထောင်းထဲကို
၂-ပဲအကျက်မှုန့် ကို ခပ်ပျစ်ပျစ် ရေဖျော်ထည့်ပါ။
၃-ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။
၄-ပျဉ်းတော်သိမ်း ပါးပါးလှီးထည့်ပါ။
၅-ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။
၆-ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ။
၇-ဆား,ဟင်းခပ်မှုန့်,ဆော်ဒါထည့်၍ လုံးနေအောင်နယ်လိုက်ပါ။

မိမိနှစ်သက်သော အရွယ်အစားလုံးပီး ဆီများများနဲ့ကြော်ပါ။
ဘရာကြော်လေးများနီရဲလာရင်တော့ ဆီထဲမှဆယ်ပီး ဇကာနဲ့စစ်ထားပါ။




Comments

Popular posts from this blog

ဘူးသီးကြော်မုန့်နှစ်စပ်နည်း

အလေးချိန်နှင့်ယူနစ်ညီမျှခြင်း

မန္တလေးပဲကပ်ကြော် (၁)