မုန်ညင်းပေါင်းလုပ်နည်း
တောင်ပေါ်စာ မုန်ညင်းပေါင်းလုပ်နည်း
အဖူးအညွန့် ပါတဲ့ မုန်ညင်းစိမ်း ၅ စည်း (နုတဲ့ အပိုင်းတွေကိုသာ ရွေးချယ် သန့်စင်ထားရန်)
ဆန်မှုန့့်အစိမ်း ၂၀ ကျပ်သား
ပဲမှုန့်အစိမ်း အနည်းငယ်
မြေပဲစိမ်း ၁၀ ကျပ်သား
ရှမ်းပဲပုတ် ၂ ချပ် (မီးကင်ပြီး မှုန့်နေအောင် ထောင်းရန်)
ချင်းနဲ့ ကြက်သွန်ဖြူ အနည်းငယ် (ရောပြီးညက်နေအောင် ထောင်းရန်)
ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားရန်)
တွဲဖက်စားရန်
*********
ကြက်သွန်ဖြူ ၁၅ တက် (မညက်တညက် ထောင်းပြီး ဆီချက် ချက်ထားပါ)
ငရုတ်သီးခြောက် လက်တဆုပ် (မီးအေးအေးနဲ့ လှော်ပြီးထောင်း၊ ထောင်းပြီး ရလာတဲ့ အမှုန့်ကို နှမ်းအနည်းငယ် ရောကာ အပေါ်က ဆီပူပူလောင်းချပါ)
သန့်စင်ထားသော မုန်ညင်းတွေကို ရေးစင်အောင် ဆေးပြီး စစ်ထားပါ၊ တယောက်စာ အစည်းလေးတွေ လုပ်ချင်ရင် ဝါးနှီးလေးနဲ့ ချည်နှောင်ပါ။
ဇလုံတခု ထဲမှာ ဆန်မှုန့်၊ ပဲမှုန့်၊ ပဲပုပ်ထောင်း၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဆား၊ ပာင်းခတ်မှုန့် အားလုံးနဲ့ ရေကို (ပထမ သင့်တော်ရုံ) ထည့်ပြီး ရောနှယ်ပါ။
မုန်ညင်းစည်းတွေကို မုန့်နှစ်ရည်ထဲ ထည့်လူးကြည့်ပါ ၊ ပြည့်ဝစွာ မဖုံးအုပ်မိဘူးဆိုရင် ရေအနည်းငယ် ထပ်ဖြည့်ပါ (မှတ်ချက် တခါတရံ မုန်ညင်း ရေစစ်တာမှာ ရေကျန်နေရင် မုန့်နှစ်ရည် ကျဲသွားတတ်တာကြောင့် ဖြစ်ပါတယ်)။
မုန့်နှစ်ရည် ကောင်းမွန်စွာ လူးထားတဲ့ မုန်ညင်းစည်းလေးတွေကို ပေါင်းချောင်ထဲမှာ သေသေချာချာ စီထည့်ပါ ၊ အငွေ့ပြည့်ဝစွာ ရရှိဖို့ မုန်ညင်းစည်း ကြားတွေထဲမှာ အပေါက်ဖောက် ပေးပါ။ အငွေ့လုံစေဖို့ အဖုံးကို သေချာစွာ ပိတ်ပြီး မိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်း ပေါင်းပါ။
သတိပြုရမှာကတော့ ပေါင်းတဲ့ နည်းလမ်းမှာ အငွေ့ ကောင်းမွန်စွာရဖို့၊ ပေါင်းအိုးအတွင်း အငွေ့ လုံနေဖို့ အထူး အရေးကြီးပါတယ် ။
ရလာတဲ့ မုန်ညင်းပေါင်းစည်း လေးတွေကို ကပ်ကြေးနဲ့ ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက် နှစ်သက်ရာ အကြော်စုံတို့နဲ့ တွဲဖက် စားသုံးနိုင်ပါပြီ ။
Comments
Post a Comment