စားလို့ ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်း လေးပါနော်။ ပါဝင်ပစ္စည်းများ • ပဲကတ္တီပါ (Red Bean) - ဆန်ချိန်ခွက်၁ခွက် (ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or Red Kidney Bean Tin • ကောက်ညင်းမှုန့် - ဆန်ခွက် တစ်ဝက် • ဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း • ကြက်သွန်ဖြူ - ၂ မြွာ • ဆား - အချိုဇွန်း ၁ ဇွန်း • ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း • ပျဉ်းတော်သိမ် - အနည်းငယ် (ဓားနုတ်ပေါက်ပြီး) • ချင်း - စားပွဲဇွန်း ၃ ဇွန်း • ဆော်ဒါ - အချိုဇွန်းတစ်ဝက် ပြုလုပ်နည်း ၁။ ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပဲကို ခြေပါသည်။ ၂။ ဘူးပဲကိုသုံးမယ်ဆိုရင် ပြုတ်စရာမလိုဘဲ ရေစစ်ကာတန်းခြေနိုင်ပါတယ်။ ၃။ ဆား၊ ဆော်ဒါ၊ ချင်း၊ ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူ ထောင်းထားတာများ ရောမွှေကာ အနေတော်အပြားလေးများပြားကာ မီးအေးအေးနှင့် ကြော်ပါ။ ၄။ ကြော်နေရင်းနဲ့ကို ချင်းနံ့သင်းနေတဲ့ မန္တလေးပဲကြော်လေးရပါပြီ။ ကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့်သော်လည်းကောင်း၊ သူ့ချည်းသတ်သတ် သော်လည်းကောင်း စားနိုင်ပါတယ်။